လွမ်းလိုက်တာ…
တစ်နေ့ ၂၄ နာရီဟာ ငါ့အတွက်တော့ ၂၄ ကမ္ဘာများလား
ဟန်ဆောင်အပြုံးတွေနဲ့ တစ်နေကုန်ဟန်လုပ်နေတဲ့ ဒီမျက်နှာဟာ
တစ်နေ့တာကုန်ဆုံးခြင်းရဲ့ နားခိုရာအိပ်စက်ခြင်းမှာတော့
ချောက်ကမ်းပါးအပြည့်လောက်နီးနီးရှိတဲ့ အလွမ်းမျက်ရည်တွေနဲ့ပေါ့
အခုအချိန်မှာတော့ ငါဟာ Romeo နဲ့ Juliet တို့ရဲ့ အလွမ်းဇာတ်ကို ကိုယ်ချင်းစာတတ်ပြီပေါ့
လွမ်းလိုက်တာ…
ငါ ဘယ်သူ့ဆီက ဘယ်တုန်းကမှမရခဲ့တဲ့
သူ့ရဲ့ ဂရုစိုက်မှုနဲ့ အကြင်နာ
သူ့ရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု
သူ့ရဲ့ မနူးညံ့ပေမဲ့ နှစ်သိမ့်နိုင်တဲ့ လက်တစ်စုံနဲ့ Jell မလိမ်းထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းလေးတွေ
ငါ မမျှော်လင့်တဲ့အချိန်မှာ တိတ်တခိုးပေးခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့အနမ်း
လွမ်းလိုက်တာ…
မင်းကမသိပေမဲ့ မင်းရဲ့အသံကို ငါနားထောင်ခဲ့တာ ဘယ်နှစ်ကြိမ်းမှန်းမသိ
မင်းကမသိပေမဲ့ မင်းရဲ့ Blog တွေကို နေ့စဉ်နဲ့အမျှ Internet ပေါ်တက်ကြည့်မိတာ ဘယ်နှစ်ခေါက်မှန်းမသိ
မင်းကမသိပေမဲ့ မင်းဓာတ်ပုံလေးတွေကို လူလစ်တုန်းကြည့်ပြီး ခိုးနမ်းခဲ့တာ ငါ့အပြင် ဘယ်သူမှမသိ
မင်းကမသိပေမဲ့ ဘုရားမှာ မင်းနဲ့ဆုံဖို့ ဆုတောင်းရတာ မင်းကြားရင် အမြင်တောင်ကတ်လောက်တယ်
မင်းကမသိပေမဲ့ ကြယ်ကြွေချိန်မှာ ဆုတောင်းလိုက်တာ… မင်းနဲ့တစ်နေ့ ဆုံဆည်းဖို့ပါ
စာကြွင်း
ချစ်သူကတော့ ယုံဖို့နေနေသာသာ ကွယ်ရာမှာတောင် ကြိတ်လှောင်ချင်လှေင်နေဦးမှာ…
ဝိုင်
၂၀ ၊ ၄ ၊ ၂၀၀၇
2 comments
Comment by Unknown on June 13, 2007 at 9:00 PM
ပြဇာတ်ဆန်တဲ့ ဒီကဗျာလေးကို သဘောကျတယ်။ MY Artist ရဲ့ ပရိသတ်ဖြစ်တာ မကြာသေးပေမယ့် အားပေးမယ်နော်။ ၀ိုင်ဆိုတာနာမည်ရင်းလား?
မိုးမောင်
Comment by miss wine on June 15, 2007 at 11:43 AM
မိုး ရေ…အားပေးမှုအတွက် ကျေးဇူးပါ။ ဝိုင်ဆိုတာ နာမည်ရင်းလို့လဲ ပြောလို့ရတယ်။ နာမည်ရင်းမှာ ဝိုင်ပါတယ်။ တစ်လုံးထဲတော့ မဟုတ်ဘူး။
Post a Comment