မျောလိုက်ရတာ…
ဒီမြစ်ကျဉ်းလေးမှာကိုပဲ
ကမ်းမမြင် လမ်းမမြင်၊


အဆီအနှစ်တွေ…
ညှစ်ချစုပ်ယူသွားပေမဲ့
သံယောဇဉ်လေးက တန်းလန်း၊ တန်းလန်း၊

ခရမ်းရောင်ပျော့ပျော့လေးကပဲ
စွန့်ခွာသွားမဲ့…
ခြေထောက်တွေကို ချည်နှောင်ထားရဲ့၊

အနှောင်အဖွဲ့များ…
ဟောဒီ့ရပ်ကွက်ကို
လေဖြတ်တိုက်မှာတောင် ကြောက်နေရ၊

အတိုက်အခံများတာကိုက
စားရမှာ သဲတရှပ်ရှပ်
လွှင့်ပစ်ရမှာလည်း အဆီတ၀င်းဝင်း။ ။

ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ မတ်လ၊ ၂၉ ရက်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.