Showing posts with label ဝိုင်. Show all posts

သက်ဆုံးတိုင်


နေညိုချိန်
ပန်းချီး ရင်မင်းသစ်
အမျိုးအစားး စပ်ထည်
အသုံးပြုသည့်ပစ္စည်းး Watercolor,
Dark Stroks, Wind

ငါ့အမြင်အာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
နေမင်းကြီးကို တမ်းတတိုင်းမှာ
ငါ့ရဲ့နေမင်း မင်းရဲ့အလင်းသာ
မြင်နိုင်စွမ်းကို ပေးပါစေ...

ငါ့အကြားအာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
သံစဉ်ဂီတ လွမ်းဆွတ်တိုင်းမှာ
ငါ့ရဲ့ဂီတ မင်းအသံများသာ
ကြားနိုင်စွမ်းကို ပေးပါစေ...

ငါ့ဥယျာဉ်တစ်ခုလုံး အဆိပ်တို့နှင့် ဖုံးလွှမ်းသွားခဲ့သည်ရှိသော်
မင်းရဲ့ရနံ့ စူးရှရှသာ
အဆိပ်တို့ကို ပြယ်ပါစေ...

နေ့နေ့ညည သတိရလဲ
အတ္တခေါ်ရာ ပါသွားမိတော့
မပျော်လဲ ပျော်ရတော့မယ့် ဘဝမှာ

ဘယ်သူ့ဘယ်သူမှ အပြစ်မတင်
ဖြစ်ချင်တာတွေမဖြစ်မှတော့
သံသရာဝဋ်ကြွေး ဤမျှနှင့်သာ ပြီးပါစေဆုတောင်းရင်း
ငါ့ချစ်ခြင်းဟာ
မင်းနဲ့ကျမှ ဆုံဆည်းခွင့်ရခဲ့တယ်ဆိုရင်
သေဆုံးသည်အထိ ဆုံဆည်းနိုင်သွားပါရစေ ချစ်သူ……

ဝိုင်
၂၂-၀၅-၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ချစ်သူ့အဆိပ်


သူ့ကျတော့ အရာရာကို အလိုက်သိစွာ မျိုသိပ်နိုင်တဲ့ သူရဲကောင်းတဲ့

ဒါဆို ငါကသာ သူ့မျိုသိပ်မှုတွေကို သည်းမခံနိုင်ခဲ့တဲ့ အပြစ်ရှိတဲ့ လူတစ်ယောက်လားကွယ်

မှန်တာပြောရရင် တကယ်တော့ ငါဟာ ပွင့်လင်းရိုးသားခဲ့တာပါ…


တည်ငြိမ်နေတဲ့ ရေပြင်ကိုမှ ခဲနဲ့ ပစ်တယ်တဲ့… သူကဆိုတယ်

ဒီလိုဆိုတော့ ငါက သူ့ဘဝကို ဒုတိရမ္ပိ ဖျက်ဆီးလိုက်မိပြန်ပြီ…

တကယ်ဆို ငါ့ဘဝလေးကလည်း သူနဲ့မတွေ့ခင်တုန်းက ပကတိဖြူစင်ခဲ့တာပါ…


သူ မျိုသိပ်တန်ဖိုးထားခဲ့တဲ့ အရာတစ်ခုကို ငါကမရမကယူခဲ့တာတဲ့

တကယ်တမ်းကျတော့ သူဘဲ ငါ့ရင်ဘတ်ထဲက အရာတစ်ခုကို ခိုးသွားခဲ့ပြီးတော့ကွယ်

အဲဒီ့အချိန်ကစလို့ ငါဟာ ချစ်သူရှေ့ဒူးထောက် အလံဖြူတစ်လက်ထောင်ပြခဲ့တာပါ…


တခြားသူတွေက ငါ့ကြောင့် ဒဏ်ရာရခဲ့တယ်ဆိုပြီး သူ့ကိုအားပေးနေကြတဲ့အချိန်မှာ

တကယ်တမ်း ဒဏ်ရာရခဲ့တာက ငါဖြစ်နေမှန်း ငါကိုယ်တိုင်တောင် နှောင်းမှသိရတယ်ဆိုရင် လွန်မလားကွယ်


သူဟာ အဆိပ်မိနေတဲ့မြွေတစ်ကောင်ဆိုရင် ငါဟာစတွေ့တဲ့နေ့မှာဘဲ

သူမျှားခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက် အဆိပ်မှန်းမသိ မြိန်ရည်ရှက်ရည် စားသုံးခဲ့ပြီး

မင်းဟာ မိုက်ရူးရဲမြွေပါတစ်ကောင်ပါလားကွာလို့ အပြောခံ ခန္ဓာကိုယ်အနှံ့ အဆိပ်တွေတက်

ဝေဒနာကို လူးလှိမ့်ခံစားရင်း တဖြည်းဖြည်းနဲ့ သေဆုံးသွားခဲ့ရတာပါ…


တကယ်တမ်းတော့ အဆိပ်မှန်းမသိတာ မဟုတ်ပါဘူး ချစ်သူရယ်….

သိရက်နဲ့ ချစ်သူထားခဲ့မှာ ကြောက်လွန်းလို့ ချစ်သူ့အဆိပ်ကို မျိုချခဲ့ရတာပါကွယ်

ငါ့ဘဝရဲ့ အချစ်ဆုံးချစ်သူရယ်…


ဝိုင်

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ငါမုန်းတဲ့ လောကဓံ

လူသားတွေကို ချစ်ခွင့်ပေးပြီးမှ ဆုံဆည်းခွင့် permission မချပေးတဲ့
လောကကဓံ…

မုန်းတီးခွင့်ပေးလိုက်ပြီးမှအတူရှိနေစေတဲ့
လောကဓံ…

ကြင်နာသလိုလိုဟန်ဆောင်ပြီးမှ နောက်ကျောဓားနဲ့ထိုး ချောက်ထဲတွန်းချတတ်တဲ့ လောကဓံ…

မျှော်လင့်ချက် တနင့်တပိုးပေးပြီးမှရိုက်ချိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

အိပ်မက်လှလှလေးတွေ မက်ခွင့်ပေးပြီးမှ လှုနှိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

မင်းကြောင့် ကွဲကွာကြရ
မင်းကြောင့် ကြေကွဲကြရ
မင်းကြောင့် ချစ်ကြရ
မင်းကြောင့် မုန်းကြရ
မင်းကြောင့် မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ပျက်သုန်းကြရ
မင်းကြောင့် ငိုကြရ၊ ရယ်ကြရ
မင်းကြောင့် ဘဝတစ်ခုလုံး ပျောက်ဆုံးကြရနဲ့ ဖြစ်ချင်တာဖြစ်နေပေမဲ့

မင်းကတော့ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း လောကကြီးကို ခပ်စိမ်းစိမ်းကြည့်နေခဲ့တယ်နော်

ကဗျာဆရာ “ရင်မင်းသစ်” ပြောသလို မင်းဟာ လူသားတွေကို
ကံစမ်းမဲ နှိုက်ခွင့်ပေးတယ်ဆိုရင်…
သေချာတယ် အားလုံးဟာ ဗလာမဲတွေချည်း ဖြစ်မှာဘဲ

အချစ်ကို အမုန်း
အပြုံးကို မျက်ရည်အဖြစ်
မျက်လှည့်ပြပြောင်းလဲဖန်ဆင်းတတ်တဲ့မင်းကို
အံ့သြလွန်းလို့ ချီးမွမ်းချင်ပေမဲ့
ရင်ထဲက စကားတစ်ခွန်းငါပြောချင်တာက…

နင့်ကို ငါမုန်းတယ်တဲ့…

ဝိုင်
၂၉ ၊ ၄ ၊ ၂၀၀၇
၂၃ နာရီ ၂၇ မိနစ်



ဝန်ခံချက်။ ။ရင်မင်း၏ “သူဖန်ဆင်းသော လောကဓံ” ကဗျာမှ ကံစမ်းမဲ နှိုက်ခွင့်ပေးတယ် ဟူသော စာသားအား ကိုးကားချက်အဖြစ် ယူသုံးထားပါသည်။

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အလွမ်း


လွမ်းလိုက်တာ…


တစ်နေ့ ၂၄ နာရီဟာ ငါ့အတွက်တော့ ၂၄ ကမ္ဘာများလား


ဟန်ဆောင်အပြုံးတွေနဲ့ တစ်နေကုန်ဟန်လုပ်နေတဲ့ ဒီမျက်နှာဟာ


တစ်နေ့တာကုန်ဆုံးခြင်းရဲ့ နားခိုရာအိပ်စက်ခြင်းမှာတော့


ချောက်ကမ်းပါးအပြည့်လောက်နီးနီးရှိတဲ့ အလွမ်းမျက်ရည်တွေနဲ့ပေါ့


အခုအချိန်မှာတော့ ငါဟာ Romeo နဲ့ Juliet တို့ရဲ့ အလွမ်းဇာတ်ကို ကိုယ်ချင်းစာတတ်ပြီပေါ့








လွမ်းလိုက်တာ…


ငါ ဘယ်သူ့ဆီက ဘယ်တုန်းကမှမရခဲ့တဲ့


သူ့ရဲ့ ဂရုစိုက်မှုနဲ့ အကြင်နာ


သူ့ရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု


သူ့ရဲ့ မနူးညံ့ပေမဲ့ နှစ်သိမ့်နိုင်တဲ့ လက်တစ်စုံနဲ့ Jell မလိမ်းထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းလေးတွေ


ငါ မမျှော်လင့်တဲ့အချိန်မှာ တိတ်တခိုးပေးခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့အနမ်း








လွမ်းလိုက်တာ…


မင်းကမသိပေမဲ့ မင်းရဲ့အသံကို ငါနားထောင်ခဲ့တာ ဘယ်နှစ်ကြိမ်းမှန်းမသိ


မင်းကမသိပေမဲ့ မင်းရဲ့ Blog တွေကို နေ့စဉ်နဲ့အမျှ Internet ပေါ်တက်ကြည့်မိတာ ဘယ်နှစ်ခေါက်မှန်းမသိ


မင်းကမသိပေမဲ့ မင်းဓာတ်ပုံလေးတွေကို လူလစ်တုန်းကြည့်ပြီး ခိုးနမ်းခဲ့တာ ငါ့အပြင် ဘယ်သူမှမသိ


မင်းကမသိပေမဲ့ ဘုရားမှာ မင်းနဲ့ဆုံဖို့ ဆုတောင်းရတာ မင်းကြားရင် အမြင်တောင်ကတ်လောက်တယ်


မင်းကမသိပေမဲ့ ကြယ်ကြွေချိန်မှာ ဆုတောင်းလိုက်တာ… မင်းနဲ့တစ်နေ့ ဆုံဆည်းဖို့ပါ




စာကြွင်း


ချစ်သူကတော့ ယုံဖို့နေနေသာသာ ကွယ်ရာမှာတောင် ကြိတ်လှောင်ချင်လှေင်နေဦးမှာ…





ဝိုင်


၂၀ ၊ ၄ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.