သူ့ကျတော့ အရာရာကို အလိုက်သိစွာ မျိုသိပ်နိုင်တဲ့ သူရဲကောင်းတဲ့
ဒါဆို ငါကသာ သူ့မျိုသိပ်မှုတွေကို သည်းမခံနိုင်ခဲ့တဲ့ အပြစ်ရှိတဲ့ လူတစ်ယောက်လားကွယ်
မှန်တာပြောရရင် တကယ်တော့ ငါဟာ ပွင့်လင်းရိုးသားခဲ့တာပါ…
တည်ငြိမ်နေတဲ့ ရေပြင်ကိုမှ ခဲနဲ့ ပစ်တယ်တဲ့… သူကဆိုတယ်
ဒီလိုဆိုတော့ ငါက သူ့ဘဝကို ဒုတိရမ္ပိ ဖျက်ဆီးလိုက်မိပြန်ပြီ…
တကယ်ဆို ငါ့ဘဝလေးကလည်း သူနဲ့မတွေ့ခင်တုန်းက ပကတိဖြူစင်ခဲ့တာပါ…
သူ မျိုသိပ်တန်ဖိုးထားခဲ့တဲ့ အရာတစ်ခုကို ငါကမရမကယူခဲ့တာတဲ့
တကယ်တမ်းကျတော့ သူဘဲ ငါ့ရင်ဘတ်ထဲက အရာတစ်ခုကို ခိုးသွားခဲ့ပြီးတော့ကွယ်
အဲဒီ့အချိန်ကစလို့ ငါဟာ ချစ်သူရှေ့ဒူးထောက် အလံဖြူတစ်လက်ထောင်ပြခဲ့တာပါ…
တခြားသူတွေက ငါ့ကြောင့် ဒဏ်ရာရခဲ့တယ်ဆိုပြီး သူ့ကိုအားပေးနေကြတဲ့အချိန်မှာ
တကယ်တမ်း ဒဏ်ရာရခဲ့တာက ငါဖြစ်နေမှန်း ငါကိုယ်တိုင်တောင် နှောင်းမှသိရတယ်ဆိုရင် လွန်မလားကွယ်
သူဟာ အဆိပ်မိနေတဲ့မြွေတစ်ကောင်ဆိုရင် ငါဟာစတွေ့တဲ့နေ့မှာဘဲ
သူမျှားခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက် အဆိပ်မှန်းမသိ မြိန်ရည်ရှက်ရည် စားသုံးခဲ့ပြီး
မင်းဟာ မိုက်ရူးရဲမြွေပါတစ်ကောင်ပါလားကွာလို့ အပြောခံ ခန္ဓာကိုယ်အနှံ့ အဆိပ်တွေတက်
ဝေဒနာကို လူးလှိမ့်ခံစားရင်း တဖြည်းဖြည်းနဲ့ သေဆုံးသွားခဲ့ရတာပါ…
တကယ်တမ်းတော့ အဆိပ်မှန်းမသိတာ မဟုတ်ပါဘူး ချစ်သူရယ်….
သိရက်နဲ့ ချစ်သူထားခဲ့မှာ ကြောက်လွန်းလို့ ချစ်သူ့အဆိပ်ကို မျိုချခဲ့ရတာပါကွယ်
ငါ့ဘဝရဲ့ အချစ်ဆုံးချစ်သူရယ်…
ဝိုင်
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်
2 comments
Comment by Anonymous on June 7, 2007 at 3:05 PM
သိပ်ကောင်းတဲ့ကဗျာလေးပါ မ၀ိုင်…အမြဲအားပေးနေပါတယ်နော်။ မေဦး
Comment by MissWine MY Artist on June 8, 2007 at 8:15 AM
Comment အတွက် ကျေးဇူးတင်ပါတယ် မမေဦး…အမြဲအားပေးတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ကြိုးစားပါ့မယ်…
Post a Comment