Posted by M Y Artists
တစ်ခါက
အားနာမှုတစ်ခု ရှိတယ်တဲ့
လိုက်လျောမှုကို အားနာတတ်တယ်
ခင်မင်ရင်းနှီးမှုကိုလဲ အားနာတတ်တယ်
အလိုက်မသိတတ်မှာကို အားနာတတ်တယ်
တစ်ကိုယ်ကောင်းဆန်ရမှာကို အားနာတတ်တယ်
ယုတ်မာရမှာကို အားနာတတ်တယ်
ရိုင်းစိုင်းရမှာကို အားနာတတ်တယ်
သဘောထားသေးရမှာကို အားနာတတ်တယ်
အခွင့်အရေးယူရမှာကို အားနာတတ်တယ်
ယုံကြည်မှုကိုလဲ အားနာတတ်တယ်
စကားပြောရမှာကို အားနာတတ်တယ်
အားနာရမှာကို အားနာတတ်တယ်
ဒီလိုနဲ့ပဲ….
လူတွေရဲ့ အမြင်မှာ
သူဟာ…………..
အပယ်ခံ ဖြစ်လာတယ်
ရိုင်းစိုင်းလာတယ်
အလိုက်မသိ လာတယ်
တစ်ကိုယ်ကောင်းဆန်လာတယ်
ယုတ်မာလာတယ်
သဘောထားသေးလာတယ်
အခွင့်အရေးတွေ တောင်းဆိုလာတယ်
စကားမပြောတတ်သူဖြစ်လာတယ်
ယုံကြည်မှုကင်းမဲ့လာတယ်
တစ်ကယ်တော့လည်း…..
ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ခေတ်ကြီးမှာ
သူဟာ..
ကိုယ့်အမြီးကို ကိုယ်ပြန်မြိုမိတဲ့
မြွေပွေးတစ်ကောင်ပါပဲ…..။ ။
စိုးဝေ
၉ ၊ ၅ ၊ ၂၀၀၇
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
ဖြစ်နိုင်မယ်ဆိုရင်
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…
ဘ၀မှာ
တစ်ခါလောက်
အောင်မြင်ချင်တယ်
တစ်ခါလောက်
ကလဲ့စားချေချင်တယ်
တစ်ခါလောက်
ချစ်သူကို ရွှေပေါ်မြတင် ထားချင်တယ်
တစ်ခါလောက်
စိတ်ယုတ်မာတရား မွေးချင်တယ်
တစ်ခါလောက်
သိဒ္ဒိတ္တလို ထိုးထွင်းဥာဏ်မျိုးလိုချင်တယ်
တစ်ခါလောက်
ရန်သူတွေအပေါ် အနိုင်လိုချင်တယ်
တစ်ခါလောက်
မိသားစုကို စိတ်ချမ်းသာစေချင်တယ်
တစ်ခါလောက်
နီရိုးဘုရင်လို တယောထိုးကြည့်ချင်တယ်
တစ်ခါလောက်
ဝေဿန္တာရာဘုရင်ကြီးလို ချမ်းသာချင်တယ်
တစ်ခါလောက်
နယူတန်လို ပန်းသီးကြွေကျတာမြင်ချင်တယ်
တစ်ခါလောက်
မုဆိုးကို လိုက်တဲ့
သားကောင်တစ်ကောင် ဖြစ်ချင်တယ်
တစ်ခါလောက်
မူးယစ်ဆေးသုံးချင်တယ်
တစ်ခါလောက်
ပါးစပ်လေးတစ်စုံကို ရင်းပြီး
လူတွင်ကျယ်ဖြစ်ချင်တယ်
တစ်ခါလောက်
တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်
တစ်ခါလောက်
ကုဋေရှစ်ဆယ်သူဌေးသားလို
ဘ၀ပျက်ကြည့်ချင်တယ်
တစ်ခါလောက်
ပင်လယ်လို ပေါလောမျောနေချင်မိတယ်
တစ်ခါလောက်
ဝိပဿနာတရား ကျင့်ချင်တယ်
တစ်ခါလောက်
ရေမရောတဲ့
စေတနာပြစ်ပြစ်တစ်ခွက်လောက် သောက်ချင်တယ်
တစ်ခါလောက်
မြွေပွေးတစ်ကောင်ရဲ့
အဆိပ်ကို သောက်သုံးချင်တယ်
တစ်ခါလောက်……………
တစ်ခါလောက်……….
တစ်ခါလောက်……….
ခုတော့…..
ငါ့မှာ ဖီးနစ်(စ်)ငှက်တစ်ကောင်လို
ကိုယ့်ကိုကိုယ် မီးပြန်ရှို့နေရတယ်…॥။ ။
စိုးဝေ
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
“ကျွန်တော် မှာ ရှိတဲ့အရာတွေ နဲ့ မရှိတဲ့အရာတွေအကြောင်းကို စဉ်းစားမိရာကနေ ရေးလိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ”
ကဗျာဆရာ စိုးဝေက ကျွန်တော်တို့ မြန်မာလူငယ်အနုပညာရှင်များအဖွဲ့ကို ပြောသွားတဲ့ စကားလေးပါ။ သူက သူ့ဗျာမှာ သူ့ဆီမှာမရှိတဲ့အရာတွေနဲ့ ရှိတဲ့အရာတွေကို ချရေးပြသွားတယ်။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ကြပါဦး… ရင်ထဲမှာရှိတဲ့အတိုင်း မှတ်ချက်ပေးလို့ရပါတယ်…
ဒွိလောက
ကျွန်တော်တွင် အသုံးပြုရန် ရေလိုက်ငါးလိုက်ဝါဒ မရှိပါ… “ဇာတ်လိုက်မင်းသား“များ၏ အရည်အချင်းနှင့် ပိုင်ဆိုင်မှုများ မရှိပါ… ရေခဲစိမ်ထားသော အာဃာတသံဘူးများ မရှိပါ… လိုသလို ပြောင်းလဲတပ်ဆင်ရန် မျက်နှာဖုံး အတုများ မရှိပါ… ဒေးကာနက်ဂျီ၏ စာအုပ်များ မရှိပါ… မနာလိုမှ တံဆိပ်ကပ်ထားသည့် ဘီယာဘူးခွံများ မရှိပါ… ”ငါ့စကား နွားရ” ပြောရန် ပါးစပ်တစ်စုံ မရှိပါ… မိုက်ဒက်ဘုရင်၏ လက်ချောင်းများ မရှိပါ…
“ငါသိ ငါတတ်” ဆိုသည့်
စကားလုံးများ မရှိပါ…
အဏုမြူဗုံးများ မရှိပါ…
မိတ်ဆွေဖြစ်ရန်
သူငယ်ချင်းကောင်း မရှိပါ…
ကောင်မလေးများ နှစ်သက်တတ်သည့်
ကားလှလှလေးများနှင့်
ကားလှလှလေးများ နှစ်သက်တတ်သည့်
ငွေစက္ကူများ မရှိပါ… စူဠသုဘဒ္ဒါ၏ အင်ကြင်းပန်းများ မရှိပါ… မေရီအင်တွိန်းနက်၏ ကိတ်မုန့်တစ်လုံး မရှိပါ…။ ။
|
|
ကျွန်တော်တွင် ရေခဲရိုက်ထားသည့် အတ္တအနည်းအကျဉ်း ရှိသည်… ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်း ထောက်ခံပေးမည့် မှတ်ပုံတင်ကဒ်ပြားတစ်ခု ရှိသည်… မောင်ချောနွယ်၏ ကဗျာပေါင်းချုပ်တစ်အုပ် ရှိသည်… ပွက်ပွက်ဆူနေသည့် ခေါင်းမာမှု တစ်ချို့ ရှိသည်… ဆေးရည်စိမ်ထားသည့် ဗန်ဂိုး၏ နားရွက်ပြတ်တစ်ခုရှိသည်… လူအများ၏ အထင်အမြင်သေးမှု ရှိသည်… ငှားထားသည့် သစ္စာနီ၏ နားမလည်ဘူး အင်္ကျင်္ီတစ်ထည်ရှိသည်… လူတစ်ချို့၏ ရန်စောင်တိုက်ခိုက်မှု ရှိသည်... ရပ်နေသည့် နာရီတစ်လုံး ရှိသည်… ပြဇာတ်မဆန်သည့် အသည်းကွဲပြဇာတ် တစ်ပုဒ် ရှိသည်… အထီးကျန်ခြင်း အမြောက်အမြား ရှိသည်… ငါးစာတပ်ဖို့မေ့လျော့နေခဲ့သည့် ငါးမျှားချိတ်တစ်ချောင်း ရှိသည်…. Kurt Cobain ထံမှ ရသည့် စီးကရက်ခြောက်လိပ် နှင့် အချိုရည်တစ်လုံး ရှိသည်…။ ။
|
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.