"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊


ညီမလေးရေ…
ဒီအချိန်ဆို
ကောင်းကင်မှာ ကြယ်တွေစုံနေပြီ၊

အရာရာတိုင်းမှာ သူဖြစ်ခဲ့ပြီးတဲ့နောက်
သစ်ရွက်ကြွေရုံမကလို့
ခလုတ်တိုက်ရင်တောင်
သူဖြစ်နေတာ မဆန်းတော့ဘူး၊

ကိုယ်… စကားတစ်ခွန်ကြားဖူးတယ်၊
"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊
ညီမလေးနောက်ကိုဘဲ
တကောက်ကောက် လိုက်ဖြစ်နေသလားကွယ်။

ထားလိုက်ပါတော့…
အားလုံးဟာ ရေမျောကမ်းတင်
ဒါပေမဲ့…
ညီမလေးကို
ရင်ဘတ်ကြီးတစ်ခုလုံး ပူနေအောင်လွမ်းတာ ခက်တယ်… ။

ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ။

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.