"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊
ညီမလေးရေ…
ဒီအချိန်ဆို
ကောင်းကင်မှာ ကြယ်တွေစုံနေပြီ၊
အရာရာတိုင်းမှာ သူဖြစ်ခဲ့ပြီးတဲ့နောက်
သစ်ရွက်ကြွေရုံမကလို့
ခလုတ်တိုက်ရင်တောင်
သူဖြစ်နေတာ မဆန်းတော့ဘူး၊
ကိုယ်… စကားတစ်ခွန်ကြားဖူးတယ်၊
"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊
ညီမလေးနောက်ကိုဘဲ
တကောက်ကောက် လိုက်ဖြစ်နေသလားကွယ်။
ထားလိုက်ပါတော့…
အားလုံးဟာ ရေမျောကမ်းတင်
ဒါပေမဲ့…
ညီမလေးကို
ရင်ဘတ်ကြီးတစ်ခုလုံး ပူနေအောင်လွမ်းတာ ခက်တယ်… ။
ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ။
6 comments
Comment by စိုးထက် - Soe Htet ! on March 7, 2008 at 2:19 PM
ကောင်းတယ်ဗျို့ ဆက်ရေးပါ :D
Comment by Htoo Myat on March 7, 2008 at 8:45 PM
ကောင်းတယ်ဗျာ... နောက်လည်း လာလာဖတ်ပါမယ်။
Comment by Kaung Kin Ko on March 9, 2008 at 9:09 AM
ကဗျာလေး ကောင်းတယ်ဗျာ။
Comment by M Y Artists on March 12, 2008 at 10:12 AM
ကျေးဇူးပဲ ကိုစိုးထက်ရေ...
မြှောက်ပေးလို့ကတော့ ဟင်း ဟင်း
Comment by Anonymous on March 12, 2008 at 10:13 AM
ကျေးဇူး ကိုထူးမြတ်
Comment by Anonymous on March 12, 2008 at 10:15 AM
အခုလို ၀ိုင်းမြှောက်ပေး
အဲ ဟုတ်ပါဝူး ၀ိုင်းအားပေးကြတာ
အရမ်းကျေးဇူးတင်ပါတယ်
ကိုကောင်ားင်ကို ကျေးဇူး
Post a Comment