အိုရီယန်တယ်လ်ဟောက်စ်၊
ကျားဘီယာသုံးပုလင်း၊
ဂျက်ဒန်နီယယ်လ် ၁ လုံး၊
ကြက်သားကချင်ချက်၊
အာလူးချောင်းကြော်၊
ဝက်သားတုတ်ထိုး၊
ချီးယားစ်၊
အရက်သောက်ဖို့ပဲ၊
ဘာဆုမှမတောင်းခဲ့၊
အပေါ်တက် ဂျက်ဒန်နီယ်တစ်လုံး ထပ်ဝယ်၊
ငါးခေါင်းဟင်းချို၊
ဝက်သားတုတ်ထိုး၊
ထမင်းသုံးလုံး၊
ရေမရောဘူးလား၊
ဟင့်အင်း ဝီစကီသောက်ချင်တာ၊
ဘေးစားပွဲက ဟန်နီကန်ပုလင်းလွတ်ကိုင် ပြေးသွား၊
ဆဲဆိုကြ၊
တောင်းပန်ကြ၊
ပြီး ဘာမှမဖြစ်ခဲ့သလို ဆက်သောက်ကြ၊
တစ်ဘဝလုံး အစုံပဲ စီးတော့မလို၊
အစ်ကို ကျနော်တို့ ဆိုင်ပိတ်တော့မယ်၊
အမြည်းဖိုး ရှစ်ဆယ်၊
ခွက်ထဲလက်ကျန် တကျိုက်ထဲမော့ချ၊
ခွက်ထဲကျထားတဲ့ ပုလင်းထိပ်က ဘောစိ၊
ပျို့တက်လာ၊
အန်ချလိုက်၊
တစ်ဘဝလုံးပဲ သန့်ရှင်းသွားသလို၊
သူငယ်ချင်းများ ရီကြ၊
ဆေးလိပ်သောက်၊
ဆဲဗန်းအီလဲဗန်းဝင် ကျားဘီယာတစ်ကဒ်ထပ်ဆွဲ၊
နေဦး အိုက်စ်ဘလဒ်စ် ထပ်ဝယ်၊
ဆက်သောက်ကြ၊
ညကြီးတစ်ခုလုံး ဘီယာဘူးထဲထည့်ပြီးသောက်သလို၊
ညကြီးတစ်ခုလုံး စီးကရက်ထဲ ထည့်ရှိုက်၊
လေးယောက်လုံး ညကြီးဖြစ်သွား၊
ဘယ်တော့မှ နောက်နေ့တွေ ရောက်မလာတော့သလို။
ရင်မင်းသစ်
၁၆ရက်၊ အောက်တိုဘာလ၊ ၂၀၁၀ခုနှစ်
Showing posts with label ရင်မင်းသစ်. Show all posts
(၈) ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။
![]() |
| JLo wetT (2003) • Cutout, ink on poster paper • unframed size ± 39x 27 inches (98 x 68 cm) • Amie Dicke Ref : http://collageclearinghouse.blogspot.com /2008_02_01_archive.html |
(၁) ခရမ်းရောင်ပျော့ပျော့လေးကပဲ
စွန့်ခွာသွားမဲ့…
ခြေထောက်တွေကို ချည်နှောင်ထားရဲ့၊
(၂) သစ္စာနီကပြောတယ်
အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့
အဲဒီ့ ဆပ်ပြာပူဖောင်းလေးကို
ငါ ထမ်းထားရတာ ဘယ်လောက်လေးတယ်မှတ်လဲ
(၃) ပြန်လှည့်ကြည့်စရာ
တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!
*"အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်" တဲ့၊
အခုတော့…
ကိုယ့်လက်ယက်တွင်းလေးကို
ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။
(၄) ဒါမှမဟုတ်!
ငါမဟုတ်တဲ့ ကမ္ဘာတစ်ခြမ်းမှာပေါက်ရောက်တ၊ဲ့ သူ့စိတ်ကူးပန်းပွင့်တွေလား…
ကိုယ့်မှာတော့ အိပ်မက်တွေရွှဲရွှဲစိုလို့၊
သူ့ရင်ဘတ်ထ၊ဲ လရောင်နဲ့ပွင့်တဲ့ပန်းလေးမှ လရိပ်ပေးချင်တဲ့ အိပ်မက်အကျိုးအပဲ့တွေပေါ့၊
(၅) ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တခုတ်တရတွေကို
ရင်ဘတ်ထဲက ဖွင့်ဖွင့်ဖတ်ရလွန်းလို့
ရင်ဘတ်တစ်ခုလုံးတောင် ရစရာမရှိတော့ဘူးကွယ်…
(၇) တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။
(၈) ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။
၂ ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်
(၁) အဆိပ်သီး
(၂) ရောဂါ (၁)
(၃) မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၂)
(၄) တေလေအိပ်မက်
(၅) အမှတ်တရ ကဗျာ (၁)
(၇) ချစ်သူလမ်းကြား
(၈) အမည်မဲ့ (၂)
* တာရာမင်းဝေ
(ကျနော်ရေးခဲ့ဖူးသော ကဗျာရှစ်ပုဒ်မှ ထုတ်နှုတ်ဖွဲ့စည်းသည်။)
မင်းအကြောင်းတွေးမိတဲ့အချိန်မှာ
သူတို့မျက်လုံးတွေ ဝိုင်းနေလိမ့်မယ်
“နားမလည်ဘူး” က
သူတို့ရင်ဘတ်ကနေ သူတို့မျက်လုံးကို ထိုးတက်လို့၊
မင်းအကြောင်းတွေးမိတဲ့အချိန်မှာ
သူတို့မျက်လုံးတွေ ဝိုင်းနေလိမ့်မယ်
“နားမလည်ဘူး” က
သူတို့ရင်ဘတ်ကနေ သူတို့မျက်လုံးကို ထိုးတက်လို့၊
ဟုတ်တယ်၊
မင်းဟာ လမင်းမိုမိုရဲ့ဝတ္ထုတစ်ပုဒ်တော့ မဟုတ်ဘူး
မင်းရဲ့အတွင်းသားကို လူပြိန်းတွေမြည်းရင် ခါးလိမ့်မယ်…
မင်းအကြောင်းကို သူတို့ပြောတဲ့အချိန်မှာ
ဂျိမ်းစ်ဂျိုက်စ်ရဲ့ဝတ္ထုတစ်ပုဒ်ကို ဇာတ်ကြောင်းပြန်ပြောသလို
အစီအစဉ်ကျမယ်မဟုတ်ဘူး၊
ဟုတ်တယ်၊
မင်းဟာ ချက်ကော့ဗ်ရဲ့ သေနတ်တစ်လက်မဟုတ်ခဲ့ဘူး
မင်းမှာ မာတိကာမရှိတာ သူတို့နားလည်နိုင်မယ်မဟုတ်ဘူး…
တကယ်တော့
မင်းဟာ ဗဂျီအောင်စိုးရဲ့
စာမဲ့ကဗျာဆိုတဲ့ စာအုပ်လေးပါကွာ…
တခါတလေ ကျားသစ်တစ်ကောင်လိုရဲရင့်လို့ မင်းဟာ
တခါတရံကျ မလိုအပ်ပဲကြောက်ရွံ့တတ်တဲ့ ယုန်ငယ်လေးဖြစ်နေပြန်ရော…
ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။
၁၇ရက်၊ သြဂုတ်လ၊ ၂၀၁၀ခုနှစ်
ဟုတ်တယ်၊
တကယ်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ဘူး
ငါဆိုတာ…
လေအဝှေ့မှာ
အမျိုးမျိုးပြောင်းပြတတ်တဲ့ တိမ်လို
နင့်လက်ဖျောက်အတီး စောင့်နေခဲ့ရုံလေးပါပဲ…
အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့
အဲဒီ့ ဆပ်ပြာပူဖောင်းလေးကို
ငါ ထမ်းထားရတာ ဘယ်လောက်လေးတယ်မှတ်လဲ
ငါ့ရဲ့ ဆပ်ပြာပူဖောင်းမလေးရေ...
နင်က ငါ့ကို စွန်လိုမြှားတာသိတယ်
ငါက နင့်ကြိုးအတင်းအလျှော့မှာ
အလိုက်သင့် ကပြဦးမယ်၊
ငါဆိုတာ...
အနုမြူဗုံးကို ကန့်ကွက်ခဲ့တဲ့သူထဲလဲမပါဘူး
ကမ္ဘာကြီး စိမ်းလန်းရေး
ကြိုးစားတဲ့ အထဲလဲမပါခဲ့ဘူး
တိုင်းပြည်ကောင်းစားဖို့
တိုက်ပွဲဝင်ခဲ့တဲ့ အထဲလဲမပါဘူး၊
ဟုတ်တယ်၊
တကယ်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ဘူး
ငါဆိုတာ...
လေအဝှေ့မှာ
အမျိုးမျိုးပြောင်းပြတတ်တဲ့တိမ်လို
နင့်လက်ဖျောက်အတီး စောင့်နေခဲ့ရုံလေးပါပဲ...
ဒါပေမဲ့
အဲဒီ့နေ့က ငါ့တစ်ကိုယ်စာလေး
မိုးကွက်ရွာသွားတယ်၊
အခုတော့...
နင့်လက်အတောက်မှာ
ပြတ်သွားတဲ့ စွန်လေးသက်သက်ပဲ...ဒီ့ထက်မပိုတော့ဘူး။ ။
ရင်မင်းသစ်
သြဂုတ်လ၊၁၁ရက်၊ ၂၀၁၀ ခုနှစ်
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
ဟေ့! နာဂစ်ဆိုတဲ့ကောင်ကို ငါ နားလည်ပေးလို့ရတယ်ကွ၊
တစ်နှစ်လုံးမှ တစ်ခါထဲရယ်ပါ
မြွေတွေ အရေခွံလဲသလို မွန်းကြပ်မှုတွေခွါချနေတာ…
တောက်! ရိုင်းလိုက်တာကွာ…
လူတစ်ချို့က
တစ်ယောက်နဲ့တစ်ယောက် သွေးတွေနဲ့ပက်ကြ
လူတစ်ချို့က
သွေးကန်ထဲမှာ ဘောလောကူးခတ်လို့…
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
ဟေ့! နာဂစ်ဆိုတဲ့ကောင်ကို ငါ နားလည်ပေးလို့ရတယ်ကွ၊
တစ်နှစ်လုံးမှ တစ်ခါထဲရယ်ပါ
မြွေတွေ အရေခွံလဲသလို မွန်းကြပ်မှုတွေခွါချနေတာ…
ဒီအနီရောင်ပိတောက်ပန်းတွေ ဘယ်သူစိုက်တာလဲ…
ဟေ့ ငါ့နိုင်ငံမြေသြဇာ အဲသလောက်မညံ့ဘူးကွ… နားလည်လား
ဒါ ဘယ်သမိုင်းမှာမှ မရှိခဲ့ဘူး…
ဒါ နီရိုးဘုရင်မီးရှို့တာထက်ဆိုးတယ်…
အဲဒီ့နေ့က မင်းအရက်သောက်သလို ငါလဲ အရက်သောက်နေခဲ့တယ်…
အဲဒီ့နေ့က မင်းဟီးဟီးဟားဟားလုပ်သလို ငါလဲ ဟီးဟီးဟားဟား
လုပ်နေခဲ့တယ်…
ဒါပေမဲ့ အခု ငါတို့အဲလိုမဟုတ်ဘူး…
မိခင်ရင်ငွေ့ ဝေးသူများ…
ကျေးဇူးပြု၍ ငါးမိန်စ်ငြိမ်သက်ပါ။ ။
ရင်မင်းသစ်
၁၆ ရက် ဧပြီလ ၂၀၁၀ ခုနှစ်
၁၅ ရက် ဧပြီလ ၂၀၁၀ ခုနှစ် သင်္ကြန်အကြတ်နေ့ သို့
ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တစ်ခုခုလိုနေလိမ့်မယ်ဗျာ… မရေးတာကြာတော့ ဘာမှန်းကို မသိဘူး… စိတ်ညစ်တယ်…
ညဖက် အိပ်မပျော်လို့
ထကြည့်ချင်တာတောင်
ကျွဲနှစ်ကောင်ခတ်သလို မာနတွေကြောင့်
အမှတ်တရတွေ မရှိတော့ပြီ…
ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တခုတ်တရတွေကို
ရင်ဘတ်ထဲက ဖွင့်ဖွင့်ဖတ်ရလွန်းလို့
ရင်ဘတ်တစ်ခုလုံးတောင် ရစရာမရှိတော့ဘူးကွယ်…
ခက်တယ်
အလွမ်းတွေကို ကဗျာပြောင်းတော့
ကဗျာဆိုတာကြီးက မရိုးရှင်းဘူး
စကားလုံးတွေ ချရေးရုံနဲ့ ကဗျာမဖြစ်တော့
ကိုယ်လည်း ဒါကို မဆက်တတ်ဘူး
ခက်ခက်ခဲခဲကြိုးစားကြည့်တော့
သတိရတယ်ပေါ့။ ။
ဒီဇင်ဘာလ၊ ၄ရက်၊ ၂၀၀၉ ခုနှစ်
ဘဝဆိုတာ…ကိုယ်သာတဲ့အချိန်ဒုံးပျံတစ်စင်းလို ကောင်းကင်ကို ထိုးခွဲတက်တော့မလိုနဲ့ကိုယ်လဲကျတဲ့အချိန်...သူတကာဖိနပ်အောက်မှာဒါတွေလည်း ကျွန်တော် သိခဲ့ရပြီ အမေ…
အမေထမင်းငတ်မှာထက်ကိုတော့ ပိုပြီး ရင်မခုန်နိုင်ခဲ့ပါဘူး၊
အသက်ရှူပြီး ပြန်ထုတ်လိုက်သလို
ကဗျာဆရာဘဝဟာ…
ကျွန်တော့်ခနာကိုယ်က ထွက်ခွာသွားခဲ့ပါပြီ။
လရောင်နဲ့ထုဆစ်ခဲ့တဲ့ အိပ်မက်တွေကိုစွန့်ပြီး
ကျွန်တော်ဟာ အမဲလိုက်ဖို့ ပြင်ရတယ်၊
ဦးနှောက်ကို ရင်းခဲ့ရတယ်၊
မျက်ရည်ကို ရင်းခဲ့ရတယ်၊
ချွေးနဲ့သွေးကို ရင်းခဲ့ရတယ်…
ဘဝဆိုတာ…
ကိုယ်သာတဲ့အချိန်
ဒုံးပျံတစ်စင်းလို ကောင်းကင်ကို ထိုးခွဲတက်တော့မလိုနဲ့
ကိုယ်လဲကျတဲ့အချိန်...
သူတကာဖိနပ်အောက်မှာ
ဒါတွေလည်း ကျွန်တော် သိခဲ့ရပြီ အမေ…
ကျွန်တော်တွေ့ခဲ့တယ်
လူမြေခွေးတွေ၊ လူသမင်လေးတွေ
ဒီလိုပါပဲ အမေရယ်၊
မြောက်ကိုရီးယားနဲ့ အမေရိကားလို
ဘယ်သူဆော်မလဲ စောင့်နေရတာပါပဲ…
ကျွန်တော် အခုအရက်သောက်တတ်နေပြီ အမေ၊
ညဖက်အိပ်မပျော်ရင်
ဆေးလိပ်ကလေးလည်း ဖွာတတ်နေပြီ
ကျွန်တော်ပြောရင်
အမေက ဆင်ခြေပေးတယ်ထင်ဦးမယ်
မကျက်နိုင်တဲ့ ဒဏ်ရာတွေကို ဆေးထည့်ရင်း
နောက်တစ်နေ့အတွက် အားမွေးနေရတာပါ အမေရယ်…
အမေနဲ့ခွဲပြီး ခရီးရှည်တွေထွက်ခဲ့တယ်
ပြန်လာတော့လည်း
အမေ့အတွက်ပါလာတဲ့ လက်ဆောင်ဆိုလို့
မျှော်လင့်ခြင်းအကျိုးအပဲ့တွေအောက်က
အနာဖေးအထပ်ထပ်ပဲရှိရဲ့၊
မငိုပါနဲ့ အမေရယ်…
သံမဏိစက်ရုံက မီးရဲရဲတွေထက်ပူပါတယ်။
ကျွန်တော်ရွက်လွှင့်ဦးမယ်
အမေ့အတွက် ကျွန်တော်ရွက်လွှင့်ဦးမယ်… အမေ
ကောင်းကင်နဲ့ မြေကြီးကြား
ထမင်တစ်လုပ်အတွက် ကျွန်တော်ရွက်လွှင့်ဦးမယ်။
ဇွန်လ၊ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။
ဒါဟာ…
သမ္မာကျမ်းစာ အလိုအရ
ဧလအရပ်ကို ရောက်ဖို့
မောရအရပ်ကို ဖြတ်သန်းရခြင်းပဲ၊
အလွမ်းသီချင်း (၂)
သရက်သီးလေးရဲ့ အဝေးမှာ
ရှာဖွေတွေ့ရှိနိုင်တာဟာ ငိုခြင်းတရားပဲ
ဒါဟာ…
သမ္မာကျမ်းစာ အလိုအရ
ဧလအရပ်ကို ရောက်ဖို့
မောရအရပ်ကို ဖြတ်သန်းရခြင်းပဲ၊
ကောင်မလေးရဲ့ ရယ်သံတွေပြန်ကြားရောင်လိုက်ရင်ပဲ
ငါ့ကိုယ်ထဲက လျှပ်စစ်ဓာတ်တွေဟာ
၂၄ နာရီ ဗို့အားအပြည့်
စိတ်ချပါ…
မင်းဆီကို စစ်သူကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့
တစ်နေ့ ငါပြန်လာခဲ့မယ်…။ ။
ရင်မင်းသစ်
“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊

သတိမရတာလား…?
သတိရခြင်းကို၊ သတိမရတာလား၊ ကြေကွဲခြင်း
ဒီနွံထဲ၊ အထီးတည်းပစ်ချခံရတာတောင်
ထမင်းစားရေသောက်မပျက်၊
သူတော်စင်ရသေ့လို တစ်ယောက်ထဲခွဲထွက်
အမြင်များ၊ ယုံကြည်မှု၊ ခံယူချက်
ဟောဒီ့ကြိုးဝိုင်းထဲ၊ သူမဖြူစင်နိုင်ခဲ့ပါ၊
ထမင်းစားရေသောက်ကဗျာလိင်ကိစ္စ
အရက်သောက်ကြေကွဲပျော်ပါး
တခါတရံလူဆန်စွာ ကောက်ကျစ်တတ်တာနဲ့
တခါတရံလူဆန်စွာ ရိုးသားဖြောင့်မတ်တာ၊
“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊
၊အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊
အားလုံးဟာ အချိုမှုန့်လေး၊ ဆားလေးခပ်သလို
သူ့နေရာနဲ့သူ အချိုးအစားကျန
ယင်ကောင်များမစင်ပုံလောကလူသား
အားလုံးဟာ ရောထွေးရှုပ်ခတ်
ယင်များ ကောင်မပုံ သားစင်က လူလော။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်
တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။
ချစ်သူလမ်းကြား
ချစ်သူလမ်းကြားဆိုတာ…
ချော်လဲရောထိုင်လို့မရအောင် ခလုတ်ကန်သင်းများတယ်၊
ချစ်သူလမ်းကြားဆိုတာ…
ကျဉ်းလွန်းတော့ ဟိုတိုးဒီတိုက်နဲ့ အထိအခိုက်များတယ်၊
အဲဒီ့လမ်းကြားကလေးက
လူနှစ်ယောက် ဖြောင့်ဖြောင့်သွားလို့မရဘူး။
အဲ့ဒီ့လမ်းကြားကလေးမှာ
နှစ်ယောက်သား အဆိပ်ဖြစ်စေတဲ့ လေတွေတိုက်တယ်၊
အဲဒီ့အဆိပ်က ပြင်းလွန်းတော့
တစ်ယောက်အဆိပ်မိရင်
နောက်တစ်ယောက်ပါ ရင်ကွဲနာကျသေရတယ်။
အဲဒီ့လမ်းကြားကလေးမှာ
ချစ်သူတွေ တောင်းထားတဲ့ဆုတွေဟာ
အမြစ်တွေတောင် တွယ်နေပြီ။
တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။
အဲဒီ့လမ်းတိုကလေးမှာပဲ
ချစ်သူတွေ ကျကျန်ခဲ့တဲ့
နှလုံးသားအပဲ့အရွဲ့တွေ၊ မျက်ရည်စက်တွေ၊
ငိုသံတွေ၊ ရယ်သံတွေ၊ စကားလုံးအပိုင်းအစတွေ၊
အပြုံးလှလှလေးတွေ၊ အနမ်းချိုချိုလေးတွေ၊ …
………………………………………………………..
ကျကွဲသွားတဲ့ သူတို့ရဲ့အချစ်တွေ…။ ။
ရင်မင်းသစ်
၁၅ ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၇ ခုနှစ်
• အေးစက်တောင့်တင်း
ရေခဲအရုပ်လို ထွက်ခွာသွားသူမှာ၊
• ကျန်ခဲ့သူ့မျက်နှာ
ပူနွေးစိုစွတ် ပူလောင်ကြေကွဲခြင်း။
၂၀ ရက်၊ သြဂုတ်လ၊ ၂၀၀၈ ခုနှစ်
ငါ… ရှာဖွေနေတာက၊
သူ့ဆံပင်ခွေခွေလေးတွေထ၊ဲ ဖျတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားတဲ့အရာလား…
သူ့မျက်ဝန်းနက်နက်တွေထဲ၊ မြုပ်ချည်ပေါ်ချည်အရိပ်လေးတွေလား…
သူ့နှုတ်ခမ်းနှင်းဆီဖူးရဲ့၊ မဟတဟကြယ်ကြွေအပြုံးတွေလား…
ငါ… ရှာဖွေနေတာက၊
သူ့ဆံပင်ခွေခွေလေးတွေထ၊ဲ ဖျတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားတဲ့အရာလား…
သူ့မျက်ဝန်းနက်နက်တွေထဲ၊ မြုပ်ချည်ပေါ်ချည်အရိပ်လေးတွေလား…
သူ့နှုတ်ခမ်းနှင်းဆီဖူးရဲ့၊ မဟတဟကြယ်ကြွေအပြုံးတွေလား…
ဒါမှမဟုတ်!
ငါမဟုတ်တဲ့ ကမ္ဘာတစ်ခြမ်းမှာပေါက်ရောက်တ၊ဲ့ သူ့စိတ်ကူးပန်းပွင့်တွေလား…
ကိုယ့်မှာတော့ အိပ်မက်တွေရွှဲရွှဲစိုလို့၊
သူ့ရင်ဘတ်ထ၊ဲ လရောင်နဲ့ပွင့်တဲ့ပန်းလေးမှ လရိပ်ပေးချင်တဲ့ အိပ်မက်အကျိုးအပဲ့တွေပေါ့၊
ဘုရားသခင်အတွက်တော့
ကိုယ်ဟာ၊ သူကျင်းစိမ်လေ့ရှိတဲ၊့ ဂေါက်သီးတစ်လုံးပါ၊
ကိုယ့်အတွက်။ ဒါဏ်ရာအထပ်ထပ်နဲ့၊ သူ့အတွက။် ရွှေတံဆိပ်ဆုကြီးကြီးပေါ့၊
ဘာပဲဖြစ်ဖြစ်လေ…
ဒီလိုကောင်မှာလည်း တခုပ်တရအိပ်မက်အရိုင်းလေးရှိရဲ့…
အိပ်မက်ကိုမြင်းလုပ်စီး၊ သက်တန့်ကို တံတားခင်းပြီး၊ ချစ်သူဆီအရောက်လှမ်းဖို့တဲ့…၊
၂၆ ရက်၊ သြဂုတ်လ၊ ၂၀၀၈ ခုနှစ်

မျောလိုက်ရတာ…
ဒီမြစ်ကျဉ်းလေးမှာကိုပဲ
ကမ်းမမြင် လမ်းမမြင်၊
အဆီအနှစ်တွေ…
ညှစ်ချစုပ်ယူသွားပေမဲ့
သံယောဇဉ်လေးက တန်းလန်း၊ တန်းလန်း၊
ခရမ်းရောင်ပျော့ပျော့လေးကပဲ
စွန့်ခွာသွားမဲ့…
ခြေထောက်တွေကို ချည်နှောင်ထားရဲ့၊
အနှောင်အဖွဲ့များ…
ဟောဒီ့ရပ်ကွက်ကို
လေဖြတ်တိုက်မှာတောင် ကြောက်နေရ၊
အတိုက်အခံများတာကိုက
စားရမှာ သဲတရှပ်ရှပ်
လွှင့်ပစ်ရမှာလည်း အဆီတ၀င်းဝင်း။ ။
ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ မတ်လ၊ ၂၉ ရက်
"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊
ညီမလေးရေ…
ဒီအချိန်ဆို
ကောင်းကင်မှာ ကြယ်တွေစုံနေပြီ၊
အရာရာတိုင်းမှာ သူဖြစ်ခဲ့ပြီးတဲ့နောက်
သစ်ရွက်ကြွေရုံမကလို့
ခလုတ်တိုက်ရင်တောင်
သူဖြစ်နေတာ မဆန်းတော့ဘူး၊
ကိုယ်… စကားတစ်ခွန်ကြားဖူးတယ်၊
"နေဝင်တဲ့နောက်ကို
တကောက်ကောက် လိုက်ကြည့်နေသရွေ့တော့
နေထွက်တာကို မြင်ရမှာမဟုတ်ဘူး" တဲ့၊
ညီမလေးနောက်ကိုဘဲ
တကောက်ကောက် လိုက်ဖြစ်နေသလားကွယ်။
ထားလိုက်ပါတော့…
အားလုံးဟာ ရေမျောကမ်းတင်
ဒါပေမဲ့…
ညီမလေးကို
ရင်ဘတ်ကြီးတစ်ခုလုံး ပူနေအောင်လွမ်းတာ ခက်တယ်… ။
ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ။
ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊
ရင်ဘတ်ကို လာမှန်တာတွေအတွက်
ဖတ်ပြနိုင်စရာ *စကင်န်နာ မရှိ!!!

ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊
ကြည့်စမ်းပါဦး!
သွေးအလိမ်းလိမ်း၊ ပြည်တစိုစို
အနာဖေးအထပ်ထပ်နဲ့ ပွက်ပွက်အန်နေပုံများ၊
ဒီခေတ်မှာ ချိုးငှက်တွေရှားသွားပြီ၊
ထပ်ပြောမယ်၊
ဒီခေတ်မှာ အဖြူရောင်ချိုးငှက်တွေရှားသွားပြီ...
အားလုံးဟာ...
နတ်ဆိုးတွေရဲ့ လက်ထဲမှာအပြိုပြိုအလဲလဲ
ကမ္ဘာကြီးမပြောနဲ့!
ကိုယ့်ကိုယ်ကိုထူမတ်စရာ ခြေထောက်များပင်မရှိခဲ့...။ ။
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်

ဘဝတွင် အပေါ့ပါးဆုံးဖြတ်သန်းနိုင်ဖို့ရာ
မည်သည့်အရာများ အချိုးကျပေါင်းစပ်ပါဝင်ရမည်နည်း???
ထိုမေးခွန်းမျိုးသည်
အဆိပ်တက်ဦးနှောက်ပိုင်ရှင်များအတွက်သာ
လွယ်လင့်တကူ ဖြေဆိုနိုင်လိမ့်မည်။
သင်ဖတ်နေသောအရာသည်
အတွေးအခေါ်စာတမ်းတစ်စောင် မဟုတ်ပေ...
ကျွန်ုပ်တို့သည်
တာဝေးအပြေးသမားများ မဟုတ်ပေ!!!
တစ်ယောက်နှင့် တစ်ယောက် ပန်းတိုင်တူနိုင်သော်လည်း
လျှောက်လမ်းများ တူစရာမလို၊
အကြောင်းတရားမှာ “လူ” ဟူသော ဝေါဟာရသည်
စက်ရုံ၏ထုတ်ကုန်များအား ရည်ညွှန်းထားခြင်းမဟုတ်။
ယခုကဲ့သို့
ကောက်ချက်ချမည် ဆိုပါစို့!!!
“လူ” တစ်ယောက်အား အဓိပ္ပါယ်ဖွင့်ဆိုလျှင်
နှလုံးရည်ပြည့်ဝသော တိရစ္ဆာန်ဖြစ်သင့်သည်။
ရင်မင်းသစ်
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၇ ရက်
***Andy Warhol***
ကောင်းကင်ခုနှစ်ထပ်က အလွမ်းတွေ
မင်းရင်ကို စိုစွတ်ပါစေ…
ဘဝမှာ ခရီးပေါင်းများစွာနှင်တဲ့အခါ
လိုရမယ်ရ ငါ့နှလုံးသားလေး ဆောင်သွားပါလေ၊
ဘယ်နေရာမှ သုံးမရတောင်
မြောင်းဆိုးတွေ ဖြတ်ဖို့လိုတဲ့အခါ
သူ့ကို နင်းပြီးသွားနိုင်ပါစေ…
ညီလေးရယ်…
အိပ်မက်တွေ အများကြီး မက်မနေပါနဲ့၊
စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့အခါ
ငါ့ကို သတိရနေပါစေ…
ရင်မင်းသစ်
ဇွန်လ၊ ၈ ရက်၊ ၂၀၀ရ ခုနှစ်
Cracked Mirror
Nay Myo Say
ဘဝတွင် အိပ်မက်ပေါင်းများစွာ မက်ခဲ့ဖူးသည်။ သင် ဘာကို ယုံကြည်ပါသလဲ??? သင် ယုံကြည်သည့်အရာများ သင့်ဘဝတွင် ပိုင်ဆိုင်ခဲ့ ဖူးသလား??? ကျွန်ုပ် မေးခဲ့တာ များသွားပြီ။ တကယ်တော့ ဘုရားသခင် ဆိုသူမှာ နောက်တီးနောက်တောက် လူတစ်ယောက်သာ…
ငါ ဘာတွေ ပြောနေမိပါလိမ့်။
နှစ်ပေါင်များစွာ ကျော်လွန်ပြီးသည့်အခါ သံယောဇဉ်များသည် ညောင်မြစ်များကဲ့သို့ တုတ်ခိုင်ခဲ့လေပြီ။ အလွမ်းများသည် နှစ်ပေါင်းများစွာ ဖွဲမီးကဲ့သို့ တဖွားဖွား(တစ်ဖွားဖွား ရေးမှမှန်မည်။) လောင်ကျွမ်း၏။ ငါ ဘာတွေ ပြောနေမိပြန်ပြီလဲ??? တကယ်တော့ လူတစ်ယောက်ရဲ့ဘဝ ပြောင်းလဲခြင်း တွင် အချိန်များစွာ မလိုပါ။ ပြောင်းလဲပစ်လိုက်ဖို့သာ လိုပါသည်။
သတိ။ ။ သင် ယခုဖတ်နေသည့်စာသည် တက်ကျမ်း မဟုတ်။
ရေခံမြေခံကောင်းသော အလွမ်းများသည် မြို့ငယ်လေးရဲ့
အမေ့အိမ်အိုရှေ့တွင် တစ်ရစ်ဝဲဝဲ။ ဘဝတွင် အရာပေါင်းများစွာသည် ဖြစ်ချင် သည်များကို ကျော်လွန်၍ ဖြစ်ခဲ့လေပြီ။ ကဗျာဆရာ၊ ကွန်ပျူတာပညာရှင်၊ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာအုပ်တိုက်ပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်၊ မဂ္ဂဇင်း အယ်ဒီတာ၊ အရာရာသည် အကယ်ဒမီနှင့်လွဲသော မင်းသမီးတစ်ယောက်၏ ကြေကွဲခြင်းကို ကျော်လွန်ခဲ့လေပြီ။ ကဲ! ထားပါတော့… အိပ်မက်တွေလွယ်၍ မွေးခဲ့သော ဘဝသည်လည်း ရေစုန်မှာမျောသော အမှိုက်စကဲ့သို့ ဝေး၍ဝေး၍ သွားခဲ့လေပြီ။
အမေ့အိမ်အိုလေးကို လွမ်းတဲ့စိတ်များက အကြောအချင်များ ထိအောင် စိမ့်လို့။ “မေမေရယ်… မေမေဆုံးမတဲ့ စကားတွေ တစ်ခါများဖြင့် ပြန်ကြားချင်စမ်းရဲ့…” အလွမ်းရဲ့ သံလိုက်အိမ်မြှောင်များသည် မြို့ငယ်လေး ရဲ့ အမေ့အိမ်နားသို့ တဝဲလည်လည်။ တစ်ချို့လူများသည် ဘဝတွင် ယုံကြည် ချက်အတွက် အသက်စွန့်ခဲ့ကြ၏။ ငါ့မှာတော့ ယုံကြည်ချက်အတွက် အမေ့ ရင်ခွင်ကို စွန့်ခဲ့ပေါ့။ သူတို့အားလုံးသည် ငါ့ထက် ကံကောင်းကြ၏။ သင်၊ ဖြတ်မမေးပါနှင့်။ အသက်စွန့်ပြီးသည့်နောက်တွင် သင် ဘာသိနိုင်တော့ မည်နည်း။ ကျွန်ုပ်မှာတော့ အလွမ်းတွေကို ပိုးမွေးသလိုမွေး၊ ပေါက်ပြဲနေတဲ့ ရင်ဘတ်ကို အလွမ်းတွေနဲ့သိပ်၊ ဟောဒီ့ ဘယ်ဘက်ရင်အုံတစ်ခုလုံး အလွမ်း တွေနဲ့ ယားယံလို့ပေါ့…
မေမေရယ်… မေမေ့သားက ဘဝမှာ လူဆိုးတစ်ယောက် ပဲဖြစ်ခဲ့တာပါ။ လူမိုက်တစ်ယောက် မဖြစ်ခဲ့ပါဘူး။ ကျွနု်ပ်ဘက်က ယုံကြည် ထားသည်မှာ သမိုင်းတွင် အောက်တန်းကျသည့် ကိစ္စများကို လူမိုက်များ သာလုပ်သည်ဖြစ်ရာ ကျွန်ုပ်မှာ လူဆိုးတစ်ယောက် မဟုတ်တန်ရာ ခံယူထား ရာ ကျွန်ုပ်ဘက်က ခံယူချက်သာဖြစ်၍ သင့်ဘက်က မည်သို့ခံယူမည် မသိ သော်လည်း လူတစ်ယောက်ဘဝတွင် ကိုယ်ပိုင်ခံယူချက်ရှိသည်ဖြစ်ရာ သင်တို့ဘက်က မှားသည်ဟု ထင်သော်လည်း ကျွန်ုပ်မှာ မည်သို့မျှ မတတ် နိုင်။ ကျွန်ုပ် ပြောတာ များသွားပြီ။ ထားပါတော့။ ငါးဟင်း စားရသည့်အခါတိုင်း မေမေ့ကို လွမ်းသည်။ အမှားလုပ်မိသည့်အခါတိုင်း မေမေ့ကိုလွမ်းသည်။ သေချာသည်တစ်ခုမှာ၊ သင်တို့အားလုံး၊ ကျွန်ုပ်ကို၊ တော်လှန်ရေးသမား ဟုမြင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဘဝတွင် တော်လှန်နေရ သည်က များသောကြောင့်ဖြစ်သည်။ မေမေ့ရဲ့ ဆုံးမစကားတွေ တစ်ခါ လောက်ဖြင့် ပြန်ကြားချင်စမ်းရဲ့။
မေမေသည် အရက်သောက်လျှင် မကြိုက်၊ ဆေးလိပ်သောက် လျှင် မကြိုက်၊ ကောင်မလေးတွေဆီက ဖုန်းလာလျှင် မကြိုက်၊ ဝတ္ထုစာအုပ် ဖတ်လျှင် မကြိုက်။ အခုအချိန် မေမေနှင့် ပြန်တွေ့ရမည်ဆိုပါက ထိုအားလုံး နှင့် ကျွန်တော် လဲနိုင်သည်။ အခုတော့ အရာရာဟာ မှုန်ဝါးလို့…
တကယ်တော့…
ကျွန်တော်ဟာ
ကောင်းကင်ပျောက်နေတဲ့ ငှက်တစ်ကောင်ပါ၊
အလွမ်းတွေ အတောင်ညောင်းတော့
ဘယ်ကမ်းမှာ နားရမလဲ???
မရမ်းကုန်းတွင် အရူးတစ်ယောက်ရှိသည်။ လမ်းတကာ။ လှည့် ၍၊ တောင်းစားနေ၏၊ သူ့ကိုတွေ့လျှင်၊ သင်တို့၊ မုန့်ဖိုး၊ မပေးပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူ ဘယ်တော့မှ ယူမည် မဟုတ်သောကြောင့် ဖြစ် သည်။ လူတွေ့တိုင်း သူတောင်းသော စကားတစ်ခွန်းရှိသည်။
“မေမေကော… ကျွန်တော့်မေမေကို ရှာပေးကြပါခင်ဗျာ…”။
ရင်မင်းသစ်
ဇွန်လ၊ ၈ ရက်၊ ၂၀၀၇ ခုနှစ်
လတစ်စင်းကို ရူးသွပ်သလို
ကိုယ့်မှာတစ်ပွင့်ထဲကို တစိမ့်စိမ့်၊
ဒါဟာ စမ်းသပ်ခန်းမဟုတ်ဘူး
တစ်နေ့တစ်နေ့
ဒေါင်းတောက်အောင် လွမ်းနေတာ…
“အချစ်”
တစ်ဖက်သက်၊ နှစ်ဖက်သက်ရှုပ်ခတ်လို့
အဲဒီ့ကြွက်သိုက်ထဲ တစ်လိမ့်လိမ့်ပြုတ်ကျ
ဒါကို
ဒီကောင်က ရင်ဘတ်ကြီးထိုးထိုးပြသေး၊
သူကလည်း သူ့အဘိဓမ္မာနဲ့သူ
“အချစ်ဆိုတာ…
နင်ဆိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရခြင်း” တဲ့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
ဒီကဗျာက အမေများနေ့အတွက်ပေါ့၊ အမေများနေ့ကို နောက်ဆုံးမှ ကျင်းပဖြစ်တယ်… အမေရယ်… သား အခုချိန်ထိ မိုက်ကောင်းတုန်း…
မြွေတစ်ကောင်ရဲ့ ဝန်ခံချက်
ကိုယ့်တွင်း ကိုယ်တူးမိ
စနစ်တကျ၊ လှပသပ်ရပ၊်
ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်
လက်ထဲ ဗုံးထည့်သွားတဲ့လောကရယ်
ဒီကောင်၊
တောထဲမှာ မျက်စိလည်နေပေါ့၊
ကိုယ့်မှာ ထောင်ထွက်တစ်ယောက်လို
ဘယ်အရပ်မှ အပင်ပေါက်လို့မရ
ငါနေတဲ့ကမ္ဘာက ကျဉ်းကျဉ်းလာ၊
ငါနေတဲ့မြို့က ကျဉ်းကျဉ်းလာ၊
ငါနေတဲ့အခန်းက ကျဉ်းကျဉ်းလာ၊
တစ်ကိုယ်စာတွင်းကလေးထဲ အသက်ရှူကြပ်လှချည့်။
ကဲ! ထားပါ၊ လူတွေကို လျှော်လိုက်စို့ရဲ့၊
ဒါပေမဲ့ အမေရယ်…
အမေ့မျက်ဝန်းထဲမှာ
သားက ဘာလို့မြွေတစ်ကောင်ဖြစ်နေရတာလဲ
တကယ်တမ်း၊ သားမြွေဆိုးတစ်ကောင်ဆိုရင်
ကိုယ့်အစွယ်ကိုယ်ရိုက်ချိုး၊ ယုန်တစ်ကောင်လိုဖြူစင်ပြမှာပေါ့
အခုတော့…။ ။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
M Y Artists အထုပ္ပတ္တိ
- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ
http://www.vccmyanmar.org/








