လတစ်စင်းကို ရူးသွပ်သလို
ကိုယ့်မှာတစ်ပွင့်ထဲကို တစိမ့်စိမ့်၊
ဒါဟာ စမ်းသပ်ခန်းမဟုတ်ဘူး
တစ်နေ့တစ်နေ့
ဒေါင်းတောက်အောင် လွမ်းနေတာ…
“အချစ်”
တစ်ဖက်သက်၊ နှစ်ဖက်သက်ရှုပ်ခတ်လို့
အဲဒီ့ကြွက်သိုက်ထဲ တစ်လိမ့်လိမ့်ပြုတ်ကျ
ဒါကို
ဒီကောင်က ရင်ဘတ်ကြီးထိုးထိုးပြသေး၊
သူကလည်း သူ့အဘိဓမ္မာနဲ့သူ
“အချစ်ဆိုတာ…
နင်ဆိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရခြင်း” တဲ့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
M Y Artists အထုပ္ပတ္တိ

- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ

http://www.vccmyanmar.org/
ကဏ္ဍအလိုက် ရွေးဖတ်ရန်
- မြန်မာလူငယ်အနုပညာရှင်များ (45)
- ကဗျာ (40)
- ရင်မင်းသစ် (36)
- ရင်မင်း (31)
- ဝတ္ထုတို (4)
- ဝိုင် (4)
- စိုးဝေ (3)
- ပန်ဒိုရာ (1)
- မျိုးသီဟ (1)
- ဆောင်းပါး (1)
လအလိုက်ဖတ်ရန်
သူတို့ပေးတဲ့ မှတ်ချက်များ
Download ချရန်
သွားလည်လို့ရတဲ့နေရာတွေ
တစ်ခုခုပြောထားခဲ့ပါဦး...
Verve

2 comments
Comment by Anonymous on June 6, 2007 at 8:10 AM
တိုက်ဆိုင်မှုလေးတွေရှိလို့ ဒီကဗျာလေးကို အရမ်းကြိုက်တယ်။ ရင်မင်းရဲ့ကဗျာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ Cherry Thitsar မှာတုန်းက တင်ခဲ့တဲ့ ကဗျာလေးတွေ အချိန်ရရင် ပြန်တင်ပေးပါအုံးနော်။ Myanmar Young Artist Blog ကို ၁ နာရီ တစ်ခါလောက် ၀င်ကြည့်ဖြစ်တယ်။
Comment by M Y Artists on June 6, 2007 at 10:54 AM
အခုလို comment ပေးတဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ်
အမြဲတမ်းအားပေးတယ်လို့
သိရတဲ့အတွက် အမြဲတမ်းကျေးဇူးပါ
Post a Comment