သံယောဇာဉ်ဆိုတာ… နောက်ကျောကဖြတ်လို့ရသလား?
ငါ့ဆီမှာ ဘရူးတပ်စ်တွေအများကြီးကွဲ့!
ဝါသနာပါရင် အလကဇန္ဒါးထက်တောင် ဂုဏ်ယူနိုင်ရဲ့၊
ငါ့ကိုယ်ထဲမှာ သူငယ်ချင်းဆိုတဲ့ လျှပ်စစ်ဓါတ်တွေ အမြဲစီးတယ်၊
ငါဆိုတာ…
ကိုယ့်အဆိပ်ကိုယ်ပြန်မိတဲ့ မြွေတစ်ကောင်ပေါ့၊
တစ်ဘဝလုံး ကိုယ့်လျှာကိုယ်ပြန်ခဲထားတာ
၂၄ နှစ်ထဲ ခြေတစ်လှမ်းဝင်ခဲ့ပြီ၊
လောကဓံဆိုတဲ့လမ်းဟာ…
ဖုန်တထောင်းထောင်း၊ ကျင်းချိုင့်ခပ်များများရယ်
ဒါတောင်၊ ငါ့ဖိနပ်တွေကို ဘရူးတပ်စ်တွေက ခိုးဝှက်ကြသေးရဲ့၊
ပိတ်ကားအချမှာ ငါဒီလိုဆုတောင်းတယ်
နောက်တစ်ဇာတ်မှာ ဘရူးတပ်စ် ငါမဖြစ်လိုဘူးရယ်လို့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
One comment
Comment by Anonymous on June 5, 2007 at 3:19 PM
ဒီကဗျာလေးကို
ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက
ရေးခဲ့တာပါ၊
သူငယ်ချင်းများရဲ့ မေတ္တာတော်ကို
ရည်စူးပြီး ဖွဲ့တာပေါ့…
(မှတ်ကရော…)
Post a Comment