အလွမ်းတွေ အတောင်ညောင်းတော့
ဘယ်ကမ်းမှာ နားရမလဲ..?
တစ်နယ်တစ်ကျေးမှာ ပွင့်တဲ့ပန်းက
ကိုယ့်အတွက် မွှေးလွန်းတယ်… ကောင်မလေးရယ်၊
မိုင်ထောင်ချီတဲ့ခရီးကို
အိပ်မက်ထဲမှာ ကူးရတာနဲ့တင်
ကိုယ့်မှာ လက်ပန်းကျနေပါပြီ။
ပြန်လှည့်ကြည့်စရာ
တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!
*"အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်" တဲ့၊
အခုတော့…
ကိုယ့်လက်ယက်တွင်းလေးကို
ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။
ကိုယ်ဟာ…
ယဉ်ယဉ်ကျေးကျေးနဲ့ ရိုင်းခဲ့သူပါ၊
ကောင်မလေးရဲ့ ရင်ဘတ်ကို အဆိပ်ခတ်
နှောင်းမှ ကိုယ့်ရင်ဘတ်ဖြစ်နေခဲ့သတဲ့…။ ။
ရင်မင်းသစ်
၂၉ ၊ ၄ ၊ ၂၀၀၇
*တာရာမင်းဝေ
2 comments
Comment by Anonymous on June 6, 2007 at 8:21 AM
ဝေးကွာနေတဲ့ ချစ်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးတဲ့အတွက် ရင်မင်းကို ကျေးဇူးတင်ပါတယ်။ Myanmar Young Artist Blog ကို အမြဲ update လုပ်ပေးတဲ့အတွက် ကဗျာရူးသွပ်သူတစ်ယောက်အနေနဲ့ ကျေနပ်မိပါတယ်။
Comment by M Y Artists on June 14, 2007 at 2:42 PM
ဟုတ်ကဲ့၊ အခုလို ခံစားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်
M Y Artists ကို အတတ်နိုင်ဆုံး Update လုပ်သွားမှာပါ။ အမြဲတမ်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်
Post a Comment