အိုရီယန်တယ်လ်ဟောက်စ်၊
ကျားဘီယာသုံးပုလင်း၊
ဂျက်ဒန်နီယယ်လ် ၁ လုံး၊
ကြက်သားကချင်ချက်၊
အာလူးချောင်းကြော်၊
ဝက်သားတုတ်ထိုး၊
ချီးယားစ်၊
အရက်သောက်ဖို့ပဲ၊
ဘာဆုမှမတောင်းခဲ့၊ 
အပေါ်တက် ဂျက်ဒန်နီယ်တစ်လုံး ထပ်ဝယ်၊
ငါးခေါင်းဟင်းချို၊
ဝက်သားတုတ်ထိုး၊
ထမင်းသုံးလုံး၊
ရေမရောဘူးလား၊
ဟင့်အင်း ဝီစကီသောက်ချင်တာ၊
ဘေးစားပွဲက ဟန်နီကန်ပုလင်းလွတ်ကိုင် ပြေးသွား၊
ဆဲဆိုကြ၊
တောင်းပန်ကြ၊
ပြီး ဘာမှမဖြစ်ခဲ့သလို ဆက်သောက်ကြ၊
တစ်ဘဝလုံး အစုံပဲ စီးတော့မလို၊
အစ်ကို ကျနော်တို့ ဆိုင်ပိတ်တော့မယ်၊
အမြည်းဖိုး ရှစ်ဆယ်၊
ခွက်ထဲလက်ကျန် တကျိုက်ထဲမော့ချ၊
ခွက်ထဲကျထားတဲ့ ပုလင်းထိပ်က ဘောစိ၊
ပျို့တက်လာ၊
အန်ချလိုက်၊
တစ်ဘဝလုံးပဲ သန့်ရှင်းသွားသလို၊
သူငယ်ချင်းများ ရီကြ၊
ဆေးလိပ်သောက်၊
ဆဲဗန်းအီလဲဗန်းဝင် ကျားဘီယာတစ်ကဒ်ထပ်ဆွဲ၊
နေဦး အိုက်စ်ဘလဒ်စ် ထပ်ဝယ်၊
ဆက်သောက်ကြ၊
ညကြီးတစ်ခုလုံး ဘီယာဘူးထဲထည့်ပြီးသောက်သလို၊
ညကြီးတစ်ခုလုံး စီးကရက်ထဲ ထည့်ရှိုက်၊
လေးယောက်လုံး ညကြီးဖြစ်သွား၊
ဘယ်တော့မှ နောက်နေ့တွေ ရောက်မလာတော့သလို။

                                                ရင်မင်းသစ်
                                     ၁၆ရက်၊ အောက်တိုဘာလ၊ ၂၀၁၀ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.