“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊



အခြားတစ်ဘက်မှ အကြောင်းများ



သတိမရတာလား…?
သတိရခြင်းကို၊ သတိမရတာလား၊ ကြေကွဲခြင်း
ဒီနွံထဲ၊ အထီးတည်းပစ်ချခံရတာတောင်
ထမင်းစားရေသောက်မပျက်၊

သူတော်စင်ရသေ့လို တစ်ယောက်ထဲခွဲထွက်
အမြင်များ၊ ယုံကြည်မှု၊ ခံယူချက်
ဟောဒီ့ကြိုးဝိုင်းထဲ၊ သူမဖြူစင်နိုင်ခဲ့ပါ၊


ထမင်းစားရေသောက်ကဗျာလိင်ကိစ္စ
အရက်သောက်ကြေကွဲပျော်ပါး
တခါတရံလူဆန်စွာ ကောက်ကျစ်တတ်တာနဲ့
တခါတရံလူဆန်စွာ ရိုးသားဖြောင့်မတ်တာ၊

“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊

၊အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊
အားလုံးဟာ အချိုမှုန့်လေး၊ ဆားလေးခပ်သလို
သူ့နေရာနဲ့သူ အချိုးအစားကျန
ယင်ကောင်များမစင်ပုံလောကလူသား
အားလုံးဟာ ရောထွေးရှုပ်ခတ်
ယင်များ ကောင်မပုံ သားစင်က လူလော။



ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်

These icons link to social bookmarking sites where readers can share and discover new web pages.