(၈) ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။
ကမ္ဘာတစ်ခြမ်းမှာပေါက်ရောက်တဲ့ ခရမ်းရောင်ဆပ်ပြာပူဖောင်း
![]() |
JLo wetT (2003) • Cutout, ink on poster paper • unframed size ± 39x 27 inches (98 x 68 cm) • Amie Dicke Ref : http://collageclearinghouse.blogspot.com /2008_02_01_archive.html |
(၁) ခရမ်းရောင်ပျော့ပျော့လေးကပဲ
စွန့်ခွာသွားမဲ့…
ခြေထောက်တွေကို ချည်နှောင်ထားရဲ့၊
(၂) သစ္စာနီကပြောတယ်
အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့
အဲဒီ့ ဆပ်ပြာပူဖောင်းလေးကို
ငါ ထမ်းထားရတာ ဘယ်လောက်လေးတယ်မှတ်လဲ
(၃) ပြန်လှည့်ကြည့်စရာ
တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!
*"အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်" တဲ့၊
အခုတော့…
ကိုယ့်လက်ယက်တွင်းလေးကို
ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။
(၄) ဒါမှမဟုတ်!
ငါမဟုတ်တဲ့ ကမ္ဘာတစ်ခြမ်းမှာပေါက်ရောက်တ၊ဲ့ သူ့စိတ်ကူးပန်းပွင့်တွေလား…
ကိုယ့်မှာတော့ အိပ်မက်တွေရွှဲရွှဲစိုလို့၊
သူ့ရင်ဘတ်ထ၊ဲ လရောင်နဲ့ပွင့်တဲ့ပန်းလေးမှ လရိပ်ပေးချင်တဲ့ အိပ်မက်အကျိုးအပဲ့တွေပေါ့၊
(၅) ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တခုတ်တရတွေကို
ရင်ဘတ်ထဲက ဖွင့်ဖွင့်ဖတ်ရလွန်းလို့
ရင်ဘတ်တစ်ခုလုံးတောင် ရစရာမရှိတော့ဘူးကွယ်…
(၇) တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။
(၈) ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။
ရင်မင်းသစ်
၂ ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်
၂ ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်
(၁) အဆိပ်သီး
(၂) ရောဂါ (၁)
(၃) မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၂)
(၄) တေလေအိပ်မက်
(၅) အမှတ်တရ ကဗျာ (၁)
(၇) ချစ်သူလမ်းကြား
(၈) အမည်မဲ့ (၂)
* တာရာမင်းဝေ
(ကျနော်ရေးခဲ့ဖူးသော ကဗျာရှစ်ပုဒ်မှ ထုတ်နှုတ်ဖွဲ့စည်းသည်။)
0 comments
Post a Comment