ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊
ဆုတ်ကပ်
ရင်ဘတ်ကို လာမှန်တာတွေအတွက်
ဖတ်ပြနိုင်စရာ *စကင်န်နာ မရှိ!!!

ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊
ကြည့်စမ်းပါဦး!
သွေးအလိမ်းလိမ်း၊ ပြည်တစိုစို
အနာဖေးအထပ်ထပ်နဲ့ ပွက်ပွက်အန်နေပုံများ၊
ဒီခေတ်မှာ ချိုးငှက်တွေရှားသွားပြီ၊
ထပ်ပြောမယ်၊
ဒီခေတ်မှာ အဖြူရောင်ချိုးငှက်တွေရှားသွားပြီ...
အားလုံးဟာ...
နတ်ဆိုးတွေရဲ့ လက်ထဲမှာအပြိုပြိုအလဲလဲ
ကမ္ဘာကြီးမပြောနဲ့!
ကိုယ့်ကိုယ်ကိုထူမတ်စရာ ခြေထောက်များပင်မရှိခဲ့...။ ။
ရင်မင်းသစ်
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်
*Scanner
3 comments
Comment by ThinkingHoney on March 7, 2008 at 4:44 PM
ကမ္ဘာကြီးမပြောနဲ့!
ကိုယ့်ကိုယ်ကိုထူမတ်စရာ ခြေထောက်များပင်မရှိခဲ့
Comment by ThinkingHoney on March 7, 2008 at 4:44 PM
တအား ကောင်းတယ်ဗျို့
Comment by Anonymous on March 12, 2008 at 10:42 AM
ကျေးဇူးပဲ ဟန်နီ
ကျွန်တော် ပြောချင်တာ ရသွားတယ်ထင်တယ်
Post a Comment