မင်းအကြောင်းတွေးမိတဲ့အချိန်မှာ
သူတို့မျက်လုံးတွေ ဝိုင်းနေလိမ့်မယ်
“နားမလည်ဘူး” က
သူတို့ရင်ဘတ်ကနေ သူတို့မျက်လုံးကို ထိုးတက်လို့၊

အမည်မဲ့ (၂)

မင်းအကြောင်းတွေးမိတဲ့အချိန်မှာ
သူတို့မျက်လုံးတွေ ဝိုင်းနေလိမ့်မယ်
“နားမလည်ဘူး” က
သူတို့ရင်ဘတ်ကနေ သူတို့မျက်လုံးကို ထိုးတက်လို့၊

"Woman in a box" / 2007
Ref : http://en.artoffer.com/Helene-Lopes-co/Image-Large-View/?imagenr=116789

ဟုတ်တယ်၊
မင်းဟာ လမင်းမိုမိုရဲ့ဝတ္ထုတစ်ပုဒ်တော့ မဟုတ်ဘူး
မင်းရဲ့အတွင်းသားကို လူပြိန်းတွေမြည်းရင် ခါးလိမ့်မယ်…


မင်းအကြောင်းကို သူတို့ပြောတဲ့အချိန်မှာ
ဂျိမ်းစ်ဂျိုက်စ်ရဲ့ဝတ္ထုတစ်ပုဒ်ကို ဇာတ်ကြောင်းပြန်ပြောသလို
အစီအစဉ်ကျမယ်မဟုတ်ဘူး၊

ဟုတ်တယ်၊
မင်းဟာ ချက်ကော့ဗ်ရဲ့ သေနတ်တစ်လက်မဟုတ်ခဲ့ဘူး
မင်းမှာ မာတိကာမရှိတာ သူတို့နားလည်နိုင်မယ်မဟုတ်ဘူး…

တကယ်တော့
မင်းဟာ ဗဂျီအောင်စိုးရဲ့
စာမဲ့ကဗျာဆိုတဲ့ စာအုပ်လေးပါကွာ…

တခါတလေ ကျားသစ်တစ်ကောင်လိုရဲရင့်လို့ မင်းဟာ
တခါတရံကျ မလိုအပ်ပဲကြောက်ရွံ့တတ်တဲ့ ယုန်ငယ်လေးဖြစ်နေပြန်ရော…

ဒါပေမဲ့ သေချာတယ်၊
မင်းဟာ ဒီနားလေးမှာပဲရှိနေသလို
မင်းဟာ ဟိုးအဝေးကြီးမှာဆိုတာ သေချာတယ်။ ။

ရင်မင်းသစ်
၁၇ရက်၊ သြဂုတ်လ၊ ၂၀၁၀ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.