နေညိုချိန်
အမျိုးအစားး စပ်ထည်
အသုံးပြုသည့်ပစ္စည်းး Watercolor,
Dark Stroks, Wind
ငါ့အမြင်အာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
နေမင်းကြီးကို တမ်းတတိုင်းမှာ
ငါ့ရဲ့နေမင်း မင်းရဲ့အလင်းသာ
မြင်နိုင်စွမ်းကို ပေးပါစေ...
ငါ့အကြားအာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
သံစဉ်ဂီတ လွမ်းဆွတ်တိုင်းမှာ
ငါ့ရဲ့ဂီတ မင်းအသံများသာ
ကြားနိုင်စွမ်းကို ပေးပါစေ...
ငါ့ဥယျာဉ်တစ်ခုလုံး အဆိပ်တို့နှင့် ဖုံးလွှမ်းသွားခဲ့သည်ရှိသော်
မင်းရဲ့ရနံ့ စူးရှရှသာ
အဆိပ်တို့ကို ပြယ်ပါစေ...
နေ့နေ့ညည သတိရလဲ
အတ္တခေါ်ရာ ပါသွားမိတော့
မပျော်လဲ ပျော်ရတော့မယ့် ဘဝမှာ
ဘယ်သူ့ဘယ်သူမှ အပြစ်မတင်
ဖြစ်ချင်တာတွေမဖြစ်မှတော့
သံသရာဝဋ်ကြွေး ဤမျှနှင့်သာ ပြီးပါစေဆုတောင်းရင်း
ငါ့ချစ်ခြင်းဟာ
မင်းနဲ့ကျမှ ဆုံဆည်းခွင့်ရခဲ့တယ်ဆိုရင်
သေဆုံးသည်အထိ ဆုံဆည်းနိုင်သွားပါရစေ ချစ်သူ……
ဝိုင်
၂၂-၀၅-၂၀၀၇

3 comments
Comment by Shwe on July 2, 2007 7:50 AM
ဆွဲထားတဲ့ ပန်းချီက ကဗျာလေးကို ပိုပြီး အနုပညာဆန်စေတယ်။ ပေးထားတဲ့ Title ကလည်း ကဗျာနဲ့ အရမ်းလိုက်တယ်။ အမြဲအားပေးလျက်ပါ….ဝိုင်
ရွှေသက်
Comment by MissWine MY Artist on July 3, 2007 11:29 AM
Comment အတွက် ကျေးဇူးအများကြီး တင်ပါတယ် မရွှေသက်ရှင့်။ အမြဲအားပေးတာ သိရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မက ဆရာမ ဂျူးရဲ့ ညီမဝိုင်တော့ မဟုတ်ဘူးနော်။ ခဏခဏ မှားနေကြလို့ပါ။
Comment by Shwe on July 5, 2007 3:37 PM
ဟုတ်…ဆရာမ ဂျူးရဲ့ ညီမ ဝိုင် မဟုတ်မှန်းသိပါတယ်။ ဒို့က MY Artist ရဲ့ ဝိုင်ကို ပြောတာပါ။ ညီမက Miss Wine၊ ဟိုက ဝိုင် တစ်လုံးထဲလေ။ Miss Wine ရေးတဲ့ သက်ဆုံးတိုင် ကဗျာလေး တအားကောင်းလို့။
Post a Comment