အခုလည်း ကဗျာဆရာ ရင်မင်း ရဲ့ ဆေးခတ်ခံရတဲ့ အိပ်မကကဗျာတစ်ပုဒ်ကို ထပ်တင်ပေးလိုက်ပါတယ်။ ဒီကဗျာလေးကတော့ ပေါ့ပေါ့ပါးပါးရေးထားတဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ပါ။ ခင်ဗျားတို့လည်း ခံစားချက်တိုက်ဆိုင်တယ်ဆိုရင် အမှန်အကန် ဝင်ခံစားလို့ရတယ်နော်… အရှော်ခံလိုက်ရတဲ့ သူ့ရင်ဘတ်ကြီးထဲက ခံစားချက်တွေအကြောင်းရေးထားတာပါ။ ဘာပဲပြောပြော ဒီကဗျာကိုဖတ်ပြီး ခင်ဗျားတို့ ခံစားချက်ကို Comments မှာ ပြန်ရေးလို့ရပါတယ်…


ဆေးခတ်ခံရတဲ့ အိပ်မက်

အခုတော့လည်း

ဘာပဲပြောပြော နေဝင်ခဲ့ပြီ….

ကောင်မလေးရယ်…

စံပါယ်တွေကြွေအောင် မပြုစားပါနဲ့

ဘဝမှာ… အလွမ်းအမောတွေများတယ်။

ဟိုး… ရှေ့က ညနေကြယ်

ကိုယ့်အိပ်မက်ထဲမှာ

သူကလဲ အဓိကဇာတ်ဆောင်တစ်ယောက်ပါ၊

ဘာမှမပြောကြပါနဲ့……သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

(အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို

ချစ်မိတဲ့ နေရာမှာပေါ့။)

ဘဝမှာ… တစ်သက်လုံး

အိပ်မက်က လန့်နိုးဖို့မေ့နေခဲ့သူပေါ့။

ထားပါလေ…

ကောင်မလေးနဲ့ပတ်သတ်ပြီး

ကိုယ်ဟာအခန်းရဲ့ထောင့်မှာ တစ်ယောက်ထဲနေတတ်ခဲ့ပြီ၊

(တစ်ခန်းလုံးအမှောင်ချပြီးတော့ပေါ့။)

အိပ်မက်ရဲ့အပေါ်ယံ

ဆေးသကြားများကို မြိန်ရေရှက်ရေ နှစ်ခြိုက်ခဲ့မိပြီ၊

စကားလုံး နုနုရွရွနောက်က

ဓားတစ်လက်အပေါ်မှာလည်း ယုံကြည်တတ်ခဲ့ပြီ၊

ဘာမှမပြောကြပါနဲ့……।သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.