ဒီတစ်ခေါက် ကျွန်တော်တို့ Post လုပ်ဖို့ ရွေးချယ်ထားတဲ့ ကဗျာလေးကတော့ “အချစ်” ဆိုတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲဆိုတော့ ကဗျာဆရာ ရင်မင်းပါပဲ။ ကဗျာအချိုလေး တစ်ပုဒ်ပါပဲ၊ ဒီကဗျာလေးကို ကဗျာဆရာ က သူတက္ကသိုလ်ကျောင်းသား ဘဝတုန်းက ရေးထားတာပါတဲ့။ အဲဒီ့အချိန်တုန်းက သူတွေ့ ခဲ့တဲ့ ကောင်မလေးကို သိပ်ချစ်လွန်းလို့ ပွင့်ထွက်လာတဲ့ ကဗျာတစ်ပုဒ်လို့ ဝန်ခံထား ပါတယ်။ သူ့ချစ်သူ ကောင်မလေးက သူနဲ့ သူမိဘတွေကြား ရွေးရခက်နေတုန်း သူရေးထားတဲ့ ကဗျာလေး ပါတဲ့။ ခံစားကြည့်ကြပါဦး…

အချစ်

ဟောဒီ့ ပါဆယ်လ်ထုပ်ကလေးထဲ

တစ်ဘဝစာ မင်းအတွက်

အချစ်တွေ ပါတယ်၊

“ကိုယ် မင်းကိုသိပ်ချစ်တယ်”

အဲဒီ့လောက် ရိုးရှင်းခဲ့လို့

နားမလည်ခဲ့တာလား…

ဖြစ်နိုင်ရင်

နှစ်ယောက်တည်း နားလည်မဲ့

ဘာသာစကားအသစ်တွေ ဖန်တီးပစ်ချင်ရဲ့။

ကောင်မလေးရယ်…

ကိုယ့်မှာ အလွမ်းခါးခါးတွေချည်းမျိုချနေရတာ

ရင်ဘတ်ကြီးတစ်ခုလုံးကို စုတ်ပြတ်လို့။

ရဲရင့်လိုက်စမ်း…

တစ်လောကလုံးကို ရင်ဆိုင်ဖို့၊

လာ!

ကိုယ့်ရဲ့ လက်ကိုတွဲ

ကမ္ဘာကြီးရဲ့ လမ်းတွေပေါ် လျှောက်ကြစို့။

ရင်မင်း

These icons link to social bookmarking sites where readers can share and discover new web pages.