အပြင်ဘက်မှာ
မိုးတွေသည်းသည်းရွာနေတယ်...
မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..
ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..
စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..
ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..
အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။
ပန်ဒိုရာ
၁၅၊၅၊၂၀၀၇
မိုးတွေသည်းသည်းရွာနေတယ်...
မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..
ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..
စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..
ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..
အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။
ပန်ဒိုရာ
၁၅၊၅၊၂၀၀၇
2 comments
Comment by M Y Artists on May 16, 2007 at 3:11 PM
မြန်မာလူငယ်အနုပညာရှင်များ ဘလော့ဂ်မှာ
ဒီလိုကဗျာကောင်းတွေ ပါဝင်လာတာ
အရမ်းကောင်းတယ်ဗျာ...
နောက်ထပ်လည်း
အများကြီးမျှော်လင့်ပါတယ်...
အခုလို ပူးပေါင်းမှုကိုလည်း
ကျေးဇူးတင်ပါတယ်...
Comment by pandora on May 18, 2007 at 11:02 AM
ရင်မင်းသစ် မှတ်ချက်အတွက် ကျေးဇူးပါ။ ကူညီနိုင်သမျှ ကူပါမယ်။ ဒီက လက်ရှိ ကဗျာတွေလည်း ကောင်းတယ်။
Post a Comment