လတစ်စင်းကို ရူးသွပ်သလို
ကိုယ့်မှာတစ်ပွင့်ထဲကို တစိမ့်စိမ့်၊
ဒါဟာ စမ်းသပ်ခန်းမဟုတ်ဘူး
တစ်နေ့တစ်နေ့
ဒေါင်းတောက်အောင် လွမ်းနေတာ…
“အချစ်”
တစ်ဖက်သက်၊ နှစ်ဖက်သက်ရှုပ်ခတ်လို့
အဲဒီ့ကြွက်သိုက်ထဲ တစ်လိမ့်လိမ့်ပြုတ်ကျ
ဒါကို
ဒီကောင်က ရင်ဘတ်ကြီးထိုးထိုးပြသေး၊
သူကလည်း သူ့အဘိဓမ္မာနဲ့သူ
“အချစ်ဆိုတာ…
နင်ဆိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရခြင်း” တဲ့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
ဒီကဗျာက အမေများနေ့အတွက်ပေါ့၊ အမေများနေ့ကို နောက်ဆုံးမှ ကျင်းပဖြစ်တယ်… အမေရယ်… သား အခုချိန်ထိ မိုက်ကောင်းတုန်း…
မြွေတစ်ကောင်ရဲ့ ဝန်ခံချက်
ကိုယ့်တွင်း ကိုယ်တူးမိ
စနစ်တကျ၊ လှပသပ်ရပ၊်
ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်
လက်ထဲ ဗုံးထည့်သွားတဲ့လောကရယ်
ဒီကောင်၊
တောထဲမှာ မျက်စိလည်နေပေါ့၊
ကိုယ့်မှာ ထောင်ထွက်တစ်ယောက်လို
ဘယ်အရပ်မှ အပင်ပေါက်လို့မရ
ငါနေတဲ့ကမ္ဘာက ကျဉ်းကျဉ်းလာ၊
ငါနေတဲ့မြို့က ကျဉ်းကျဉ်းလာ၊
ငါနေတဲ့အခန်းက ကျဉ်းကျဉ်းလာ၊
တစ်ကိုယ်စာတွင်းကလေးထဲ အသက်ရှူကြပ်လှချည့်။
ကဲ! ထားပါ၊ လူတွေကို လျှော်လိုက်စို့ရဲ့၊
ဒါပေမဲ့ အမေရယ်…
အမေ့မျက်ဝန်းထဲမှာ
သားက ဘာလို့မြွေတစ်ကောင်ဖြစ်နေရတာလဲ
တကယ်တမ်း၊ သားမြွေဆိုးတစ်ကောင်ဆိုရင်
ကိုယ့်အစွယ်ကိုယ်ရိုက်ချိုး၊ ယုန်တစ်ကောင်လိုဖြူစင်ပြမှာပေါ့
အခုတော့…။ ။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
မျိုသိပ်ထားတာထက်
ဆိုးတယ်၊
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
“ဘ၀” ဆိုတာ ……
အချစ်ရဲ့ လက်ပါးစေလားကွယ်။
အချစ်သီဆိုရာသီချင်း
ချစ်သူ့ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ
ဘုရားသခင် …………..။
မျိုးသီဟ
၂၀၀၇ ခုနှစ်
မိုးတွေသည်းသည်းရွာနေတယ်...
မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..
ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..
စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..
ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..
အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။
ပန်ဒိုရာ
၁၅၊၅၊၂၀၀၇
သံယောဇာဉ်ဆိုတာ… နောက်ကျောကဖြတ်လို့ရသလား?
ငါ့ဆီမှာ ဘရူးတပ်စ်တွေအများကြီးကွဲ့!
ဝါသနာပါရင် အလကဇန္ဒါးထက်တောင် ဂုဏ်ယူနိုင်ရဲ့၊
ငါ့ကိုယ်ထဲမှာ သူငယ်ချင်းဆိုတဲ့ လျှပ်စစ်ဓါတ်တွေ အမြဲစီးတယ်၊
ငါဆိုတာ…
ကိုယ့်အဆိပ်ကိုယ်ပြန်မိတဲ့ မြွေတစ်ကောင်ပေါ့၊
တစ်ဘဝလုံး ကိုယ့်လျှာကိုယ်ပြန်ခဲထားတာ
၂၄ နှစ်ထဲ ခြေတစ်လှမ်းဝင်ခဲ့ပြီ၊
လောကဓံဆိုတဲ့လမ်းဟာ…
ဖုန်တထောင်းထောင်း၊ ကျင်းချိုင့်ခပ်များများရယ်
ဒါတောင်၊ ငါ့ဖိနပ်တွေကို ဘရူးတပ်စ်တွေက ခိုးဝှက်ကြသေးရဲ့၊
ပိတ်ကားအချမှာ ငါဒီလိုဆုတောင်းတယ်
နောက်တစ်ဇာတ်မှာ ဘရူးတပ်စ် ငါမဖြစ်လိုဘူးရယ်လို့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
M Y Artists အထုပ္ပတ္တိ
- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ
http://www.vccmyanmar.org/
ကဏ္ဍအလိုက် ရွေးဖတ်ရန်
- မြန်မာလူငယ်အနုပညာရှင်များ (45)
- ကဗျာ (40)
- ရင်မင်းသစ် (36)
- ရင်မင်း (31)
- ဝတ္ထုတို (4)
- ဝိုင် (4)
- စိုးဝေ (3)
- ပန်ဒိုရာ (1)
- မျိုးသီဟ (1)
- ဆောင်းပါး (1)

