Posted by M Y Artists
Nov
20
ဒါဟာ…
သမ္မာကျမ်းစာ အလိုအရ
ဧလအရပ်ကို ရောက်ဖို့
မောရအရပ်ကို ဖြတ်သန်းရခြင်းပဲ၊
အလွမ်းသီချင်း (၂)
ဟိုး… အဝေးက
ဝိဉာဉ်လေးဆီ အရောက်ပြန်ဖို့
မိုင်တိုင်တွေ လှောင်ရီတာခံရတယ်၊
သရက်သီးလေးရဲ့ အဝေးမှာ
ရှာဖွေတွေ့ရှိနိုင်တာဟာ ငိုခြင်းတရားပဲ
ဒါဟာ…
သမ္မာကျမ်းစာ အလိုအရ
ဧလအရပ်ကို ရောက်ဖို့
မောရအရပ်ကို ဖြတ်သန်းရခြင်းပဲ၊
ကောင်မလေးရဲ့ ရယ်သံတွေပြန်ကြားရောင်လိုက်ရင်ပဲ
ငါ့ကိုယ်ထဲက လျှပ်စစ်ဓာတ်တွေဟာ
၂၄ နာရီ ဗို့အားအပြည့်
စိတ်ချပါ…
မင်းဆီကို စစ်သူကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့
တစ်နေ့ ငါပြန်လာခဲ့မယ်…။ ။
ရင်မင်းသစ်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
Nov
06
“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊

အခြားတစ်ဘက်မှ အကြောင်းများ
သတိမရတာလား…?
သတိရခြင်းကို၊ သတိမရတာလား၊ ကြေကွဲခြင်း
ဒီနွံထဲ၊ အထီးတည်းပစ်ချခံရတာတောင်
ထမင်းစားရေသောက်မပျက်၊
သူတော်စင်ရသေ့လို တစ်ယောက်ထဲခွဲထွက်
အမြင်များ၊ ယုံကြည်မှု၊ ခံယူချက်
ဟောဒီ့ကြိုးဝိုင်းထဲ၊ သူမဖြူစင်နိုင်ခဲ့ပါ၊
ထမင်းစားရေသောက်ကဗျာလိင်ကိစ္စ
အရက်သောက်ကြေကွဲပျော်ပါး
တခါတရံလူဆန်စွာ ကောက်ကျစ်တတ်တာနဲ့
တခါတရံလူဆန်စွာ ရိုးသားဖြောင့်မတ်တာ၊
“မရောက်သေးရင် အရောက်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီ့မှာ ဘာမှမရှိဘူး” တဲ့၊
မရှိသေးတဲ့အရပ်မှာ ဘာလုပ်ရပါ့
လူဟာ လူဖြစ်နေခြင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ပြန်ယက်ရသလို
အရသာရှိလွန်းလှချည့်၊
၊အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊
အားလုံးဟာ အချိုမှုန့်လေး၊ ဆားလေးခပ်သလို
သူ့နေရာနဲ့သူ အချိုးအစားကျန
ယင်ကောင်များမစင်ပုံလောကလူသား
အားလုံးဟာ ရောထွေးရှုပ်ခတ်
ယင်များ ကောင်မပုံ သားစင်က လူလော။
ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
Sep
04

သေခြင်းတရား (သို့) ဆန့်ကျင်ဘက်
• အေးစက်တောင့်တင်းရေခဲအရုပ်လို ထွက်ခွာသွားသူမှာ၊
• ကျန်ခဲ့သူ့မျက်နှာ
ပူနွေးစိုစွတ် ပူလောင်ကြေကွဲခြင်း။
ရင်မင်းသစ်
၂၀ ရက်၊ သြဂုတ်လ၊ ၂၀၀၈ ခုနှစ်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
Aug
28

ငါ… ရှာဖွေနေတာက၊
သူ့ဆံပင်ခွေခွေလေးတွေထ၊ဲ ဖျတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားတဲ့အရာလား…
သူ့မျက်ဝန်းနက်နက်တွေထဲ၊ မြုပ်ချည်ပေါ်ချည်အရိပ်လေးတွေလား…
သူ့နှုတ်ခမ်းနှင်းဆီဖူးရဲ့၊ မဟတဟကြယ်ကြွေအပြုံးတွေလား…
တေလေအိပ်မက်
ငါ… ရှာဖွေနေတာက၊
သူ့ဆံပင်ခွေခွေလေးတွေထ၊ဲ ဖျတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားတဲ့အရာလား…
သူ့မျက်ဝန်းနက်နက်တွေထဲ၊ မြုပ်ချည်ပေါ်ချည်အရိပ်လေးတွေလား…
သူ့နှုတ်ခမ်းနှင်းဆီဖူးရဲ့၊ မဟတဟကြယ်ကြွေအပြုံးတွေလား…
ဒါမှမဟုတ်!
ငါမဟုတ်တဲ့ ကမ္ဘာတစ်ခြမ်းမှာပေါက်ရောက်တ၊ဲ့ သူ့စိတ်ကူးပန်းပွင့်တွေလား…
ကိုယ့်မှာတော့ အိပ်မက်တွေရွှဲရွှဲစိုလို့၊
သူ့ရင်ဘတ်ထ၊ဲ လရောင်နဲ့ပွင့်တဲ့ပန်းလေးမှ လရိပ်ပေးချင်တဲ့ အိပ်မက်အကျိုးအပဲ့တွေပေါ့၊
ဘုရားသခင်အတွက်တော့
ကိုယ်ဟာ၊ သူကျင်းစိမ်လေ့ရှိတဲ၊့ ဂေါက်သီးတစ်လုံးပါ၊
ကိုယ့်အတွက်။ ဒါဏ်ရာအထပ်ထပ်နဲ့၊ သူ့အတွက။် ရွှေတံဆိပ်ဆုကြီးကြီးပေါ့၊
ဘာပဲဖြစ်ဖြစ်လေ…
ဒီလိုကောင်မှာလည်း တခုပ်တရအိပ်မက်အရိုင်းလေးရှိရဲ့…
အိပ်မက်ကိုမြင်းလုပ်စီး၊ သက်တန့်ကို တံတားခင်းပြီး၊ ချစ်သူဆီအရောက်လှမ်းဖို့တဲ့…၊
ရင်မင်းသစ်
၂၆ ရက်၊ သြဂုတ်လ၊ ၂၀၀၈ ခုနှစ်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
Mar
29

မျောလိုက်ရတာ…
ဒီမြစ်ကျဉ်းလေးမှာကိုပဲ
ကမ်းမမြင် လမ်းမမြင်၊
အဆီအနှစ်တွေ…
ညှစ်ချစုပ်ယူသွားပေမဲ့
သံယောဇဉ်လေးက တန်းလန်း၊ တန်းလန်း၊
ခရမ်းရောင်ပျော့ပျော့လေးကပဲ
စွန့်ခွာသွားမဲ့…
ခြေထောက်တွေကို ချည်နှောင်ထားရဲ့၊
အနှောင်အဖွဲ့များ…
ဟောဒီ့ရပ်ကွက်ကို
လေဖြတ်တိုက်မှာတောင် ကြောက်နေရ၊
အတိုက်အခံများတာကိုက
စားရမှာ သဲတရှပ်ရှပ်
လွှင့်ပစ်ရမှာလည်း အဆီတ၀င်းဝင်း။ ။
ရင်မင်းသစ်
၂၀၀၈ ခုနှစ်၊ မတ်လ၊ ၂၉ ရက်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.