အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
ဟေ့! နာဂစ်ဆိုတဲ့ကောင်ကို ငါ နားလည်ပေးလို့ရတယ်ကွ၊
တစ်နှစ်လုံးမှ တစ်ခါထဲရယ်ပါ
မြွေတွေ အရေခွံလဲသလို မွန်းကြပ်မှုတွေခွါချနေတာ…



တောက်! ရိုင်းလိုက်တာကွာ…
လူတစ်ချို့က
တစ်ယောက်နဲ့တစ်ယောက် သွေးတွေနဲ့ပက်ကြ
လူတစ်ချို့က
သွေးကန်ထဲမှာ ဘောလောကူးခတ်လို့…

အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
အဲဒါ ဘယ်သူ အဆိပ်ခတ်တာလဲ…
ဟေ့! နာဂစ်ဆိုတဲ့ကောင်ကို ငါ နားလည်ပေးလို့ရတယ်ကွ၊
တစ်နှစ်လုံးမှ တစ်ခါထဲရယ်ပါ
မြွေတွေ အရေခွံလဲသလို မွန်းကြပ်မှုတွေခွါချနေတာ…

ဒီအနီရောင်ပိတောက်ပန်းတွေ ဘယ်သူစိုက်တာလဲ…
ဟေ့ ငါ့နိုင်ငံမြေသြဇာ အဲသလောက်မညံ့ဘူးကွ… နားလည်လား
ဒါ ဘယ်သမိုင်းမှာမှ မရှိခဲ့ဘူး…
ဒါ နီရိုးဘုရင်မီးရှို့တာထက်ဆိုးတယ်…

အဲဒီ့နေ့က မင်းအရက်သောက်သလို ငါလဲ အရက်သောက်နေခဲ့တယ်…
အဲဒီ့နေ့က မင်းဟီးဟီးဟားဟားလုပ်သလို ငါလဲ ဟီးဟီးဟားဟား
လုပ်နေခဲ့တယ်…
ဒါပေမဲ့ အခု ငါတို့အဲလိုမဟုတ်ဘူး…
မိခင်ရင်ငွေ့ ဝေးသူများ…
ကျေးဇူးပြု၍ ငါးမိန်စ်ငြိမ်သက်ပါ။ ။

ရင်မင်းသစ်
၁၆ ရက် ဧပြီလ ၂၀၁၀ ခုနှစ်

၁၅ ရက် ဧပြီလ ၂၀၁၀ ခုနှစ် သင်္ကြန်အကြတ်နေ့ သို့

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.