ယခုကျွန်တော်တို့ M Y Artists မှာ ဝတ္ထုတို/ရှည် အမျိုးအစားတစ်ပုဒ် တင်ပေးမှာဖြစ်ပါတယ်။ အနည်းငယ်ရှင်းပြပါရစေ… ဝတ္ထုတို/ရှည်ဟု သုံးရခြင်းမှာ ယခုဝတ္ထုအမျိုးအစားသည် ဝတ္ထုတိုလည်းမက ဝတ္ထုလတ် လာက်လဲမရှည်သော ကြားဆိုဒ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အခုလို ခံစားပေးတဲ့အတွက် ကျွန်တော်တို့ M Y Artists မှ အထူးပဲ ကျေးဇူးတင်ရှိ ပါသည်။
ပုစ္ဆာတွက်သူများ
(၁)
နေ၏အရောင်သည် အဖြူရောင်ဖြစ်သလား (သို့မဟုတ်) အ၀ါရောင် ရှိသလား ॥၊ လိမ္မော်ရောင်လား ..၊ ဒါမှမဟုတ် .. အနီရောင်များ လား .. ။
ထိုမေးခွန်းနှင့်ပတ်သက်၍ အဖြေပေါင်းများစွာ လက်ခံရရှိနိုင်ပါသည်။
ပုံစံတူ ဆေးရောင်ခြယ် စာအုပ်လေးများ ကိုယ်စီနှင့် ဆော့ကစား နေသည့် ကလေးငယ်လေးနှစ်ယောက်နှင့် ကျွန်တော် ကြုံခဲ့ဖူးသည် ॥။ တစ်ယောက်သော ကလေးငယ်က စာအုပ်အတွင်းမှ နေလုံးကြီး၏နေရာ၌ အစိမ်းရောင်ကို အားတက်သရောနှင့် ခြယ်သ .. သလို ၊ ကျန်ကလေးငယ် ကတော့ ထိုနေရာ၌ စိုလက်သော အပြာရောင်အား ခြယ်သလေသည် ။
ကလေးငယ်တစ်ယောက်၏ အာရုံများအတွင်း၌ နေသည် အစိမ်း ရောင်အဖြစ် ရှိနေနိုင်သည်လား ॥၊ ရှိကောင်းရှိနိုင်ပါသည် ။ အပြာရောင် အဖြစ်နှင့်ရော ..၊ ထိုသို့လည်း ရှိနိုင်သည်ပဲ ..။
ထိုအချိန်က ကျွန်တော့်ရှေ့မှ မြင်ကွင်းအား ပန်းချီကားတစ်ချပ်စာ အဖြစ် ချုံ့၍ ॥ အယူအဆ .. ဟု ခေါင်းစဉ်ပေးကြည့်မိသည် ။
လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းနှင့် လူအချင်းချင်း၏ ကြား၌ ကွဲလွဲ နေသော ယူဆချက်ပေါင်းများစွာ ရှိ၏ ။ အမှန်၊ အမှား ဟူသော အရာကို မည် သည့်အပေါ်တွင် အခြေခံ၍များ သတ်မှတ်ကြပါသည်လဲ ॥ သတ်မှတ်ရပါ သည်လဲ ။
တိကျသေချာသော အဖြေအား ကျွန်တော် ရလိုပါသည် ။
.................................................................................................
(၂)
(၂)
အမည်နာမ သတ်မှတ်ပေးရမည် ဆိုလျှင် တစ်ယောက်၏အမည်မှာ (Y) ဖြစ်၍ ၊ အခြားတစ်ယောက်၏ အမည်မှာ (Z) ဖြစ်သည် ။
“လူတစ်ယောက်ရဲ့ ဘ၀ထဲကို အဆုံးထိအောင် မ၀င်နိုင်ဘဲနဲ့ ၊ မျှော်လင့်ချက်တစ်ချို့နဲ့ ॥ ပျော်ရွှင်မှုတွေ ခဏတာပေးပြီး ရှင်သန်ခိုင်းတာ ဟာ အဲဒီလူကို ပိုပြီးထိခိုက်နစ်နာအောင် လုပ်တာပဲ”
သူကတော့ (Z) ။
“လူတစ်ယောက်ရဲ့ ဘ၀ဟာ တစ်သက်လုံး အထီးကျန် နေရတာ ထက်စာရင်၊ ဘာကိုမှ မရလိုက်တာထက်စာရင် ॥ ခဏလေးပဲ ဖြစ်ဖြစ် ရလိုက်တာဟာလည်း သူ့ဘ၀အတွက် အဓိပ္ပာယ်တစ်ခု ၊ တန်ဖိုးတစ်ခုပဲ ။ ငါ ..ရခဲ့ဖူးတယ် ဆိုတဲ့ အသိက သူ့ရဲ့စိတ်တွေအတွက် အကျိုးတစ်ခုတောင် ဖြစ်စေနိုင်တယ်”
ငြင်းခုံသည့်အသွင် မဆောင်သော်လည်း (Y) က သူ့အမြင်အား ထိုသို့ ရေရွတ်သည်။
ပြီးနောက် နှစ်ယောက်စလုံး ကျွန်တော့်အား ပြိုင်တူပင် လှမ်းကြည့်ကြသည်။ ကျွန်တော်သိသည် ။ အားပြိုင်နေသော အယူအဆနှစ်ခုအတွက် စစ်ကူ ခေါ်နေကြခြင်းပင် ဖြစ်သည် ။
စကားတစ်ခွန်းမှ မဆိုကြသော်လည်း နှစ်ယောက်စလုံး၏ မျက်လုံးများ က ॥ မင်းအမြင်ကရော ..ဟု မေးမြန်းနေကြသည် ။
တကယ်လို့များ သည့်ထက် အချိန်ပေါင်းများစွာစော၍ သူတို့နှစ် ယောက်၏ အယူအဆအား ကြားခဲ့ရမည်ဆိုလျှင်
ယခုလိုအချိန်၌ တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ကျွန်တော် တွေးကောင်းတွေးနေမိပေမည်။ သည့် အတွက် လည်း အချိန်တော်တော်များများ ပေးရမည်ထင်သည်။ သေချာလောက် ပါသည်။
ယခုတော့ ကျွန်တော် မတွေးတော့ ..။ ထိုအယူအဆ နှစ်ခုနှင့် ပတ်သက်၍ တစ်ချိန်က သေချာလေးနက်စွာ စဉ်းစားခဲ့ဖူးပြီးပြီ ဖြစ်သော ကြောင့် ဖြစ်သည်။ ထို့အတွက်လည်း ကျွန်တော့်မှာ ပြောစရာစကား ရှိမနေပါ။
လူတိုင်း လွတ်လပ်စွာ ယူဆခွင့်ရှိကြပါသည်။
.................................................................................................
(၃)
(၃)
လူတိုင်းလူတိုင်း သူတို့၏ အယူအဆများအပေါ်၌ ရပ်တည်ကြသည် လား ဆိုသည်ကိုတော့ ကျွန်တော် မသိပါ။ ( လူတစ်ချို့မှာ လူကြားကောင်း အောင် ဆိုသော သူတို့၏ အယူအဆက သက်သက်၊ သူတို့၏ ရပ်တည်မှုက သက်သက် ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ) သူတို့နှစ်ယောက်ကတော့ သူတို့ ၏ အယူအဆများအပေါ်၌ ခေါင်းမာစွာနှင့် ရပ်တည်ကြသူများပင် ဖြစ်သည်။
(Y) ၌ ချစ်စရာ ကောင်မလေး တစ်ယောက်ရှိသလို (Z) ၌လည်း ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ရှိသည်။ ကွာခြားမှု တစ်ခုမှာ တော့ (Y) က သူ၏ ချစ်စရာကောင်မလေးနှင့် စိတ်တူကိုယ်တူ ချစ်နေကြခြင်း ဖြစ်၍ (Z) ကတော့ ယခုအချိန်ထိ သူ၏ကောင်မလေးအား ဘာစကားမှ မဆိုရသေးခြင်းပင် ဖြစ်သည်။
မဆိုရသေးခြင်း ဆိုသည်ထက် မဆိုခြင်းဟု ဆိုက ပိုမှန်မည် ထင်သည်။ သူ၏ကောင်မလေးသည် သူ့အပေါ်၌ အတော်လေးကို သံယောဇဉ်ရှိမှန်း ကျွန်တော်ကိုယ်တိုင်လည်း သိသည်။ ကျွန်တော့်အား (Z) ပြောဖူးသော စကား တစ်ခွန်းရှိသည်။
“ငါ ॥ သူ့ကို ချစ်ပါတယ်၊ ဒါပေမယ့် သူက ငါ့အိမ်ထောင်ဖက် ဖြစ်မလာနိုင်ဘူး၊ အဲဒါ သေချာတယ်၊ ဒါကြောင့် ခဏတာ အတွက်နဲ့တော့ ငါ .. သူ့ကို ဘယ်လိုမျှော်လင့်ချက်မျိုးမှ မပေးဘူးလို့ ဆုံးဖြတ်ထားတယ်”
(Z) က ထိုမျှလောက်သာ ပြော၍ ကျွန်တော်ကလည်း ထိုမျှလောက် သာ နားထောင်ခဲ့သည်။
(Z) သည် တစ်ချိန်၌ သူ၏ မိဘဆွေမျိုးများရှိရာ နိုင်ငံခြား၌ အပြီး တိုင် သွားရောက်နေထိုင်မည့်သူ ဖြစ်သည်။ သူ၏ဆုံးဖြတ်ချက်သည် ထိုအရာ နှင့်လည်း မည်သို့မှ သက်ဆိုင်မှုမရှိနိုင်ပါ။ ဖြစ်မလာနိုင်ဘူး ဟူသော စကားလုံး သည် သူ၏အတွေးတစ်ခုနှင့်သာ သက်ဆိုင်ပါသည် ဟုတော့ (Z) က ၀န်ခံ ပြောဆိုခဲ့သည်။
(Y) နှင့် (Z) တို့၏ကြား၌ အယူအဆ ကွဲလွဲမှုမှာ များစွာပင် ရှိတတ်သည်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်၏ အယူအဆများအား မည်သူ့ဘက်မှ မလိုက်ဘဲ နားထောင်သူသက်သက်သာ ဖြစ်သည်။ နားထောင် ရင်းက တစ်ခါတစ်ရံတွေမှာ တွေးသည်။ တစ်ခါတစ်လေမှာတော့ ရီသည်။ သူတို့နှစ်ယောက်စလုံး ကျွန်တော့်အား တစ်ပြိုင်တည်း မှတ်ချက်ချထားမှု တစ်ခု တော့ရှိ၏။ ॥ ကျွန်တော်သည် အတော် နားလည်ရခက်သူ .. ဟူ၍ ဖြစ်သည်။ ထိုစကားအတွက် ထိုအချိန်က ကျွန်တော် ရီနေခဲ့လိုက်ပါသည်။
ယခုနောက်ပိုင်းတွေ၌ အမှန်အမှား ဆုံးဖြတ်ချက်တွေ ကျွန်တော် သိပ်မလုပ်ချင်တော့။
၁၈-၁၉ အရွယ်တုန်းကတော့ ကျွန်တော်သည် သိကြောင်း ၊ တတ်ကြောင်း ပြောချင်၊ ပြချင် လွန်းခဲ့သူပင်။ လူတွေကို ဝေ့ကြည့်၍ ပြုံးရသော အပြုံးကိုလည်း နှစ်ခြိုက်ခဲ့သူပင်။ ယခုအချိန်၌တော့ အရာအားလုံးသည် ဘာဆိုဘာမှ မဟုတ်တော့။ ထို့ကြောင့်လည်း ယခုလို အချိန်မျိုးတွင် ကျွန်တော် မသိသေးသော အရာများနှင့်ကြုံလျှင် ကျွန်တော်တွေးမည်။ သိပြီးသား အရာ များဆိုလျှင် ကျွန်တော်ရီမည်။ သည်မျှလောက်နှင့်ပင် ကျွန်တော့်အတွက် အဆင်ပြေပါသည်။
(၄)
တစ်ရက်မှာတော့ (Y) က ॥ (Z) နှင့် ကျွန်တော့်အား ပြောစရာရှိ သည်ဟုဆိုကာ ချိန်းဆိုခဲ့သည်။
“ငါ့ကောင်မလေးကို ငါ ဖြတ်တော့မယ်”
ထိုင်ခုံကိုဆွဲ၍ ထိုင်ရုံရှိသေးသည်၊ ရုတ်တရက်ဆိုလာသော (့) စကားကြောင့် ဖျတ်ခနဲ သူ့ကို မော့ကြည့်ဖြစ်သည်။
တစ်ကယ်တော့ သူ့ကို ကျွန်တော်ကြည့်ရုံသာ ကြည့်လိုက်ခြင်းဖြစ် သည်။ ကျွန်တော့်အကြည့်များ အတွင်း၌ မေးခွန်းများ ရှိမနေပါ။
(Z) ကလည်း ကျွန်တော့်လိုပင် (့) အား တစ်ချက်လှမ်းကြည့်သည်။
ပြီးနောက် (Y) ပြောလာမည်များကို နားထောင်ရန်အတွက် အေးဆေး ငြိမ်သက် စွာပင် ရှိနေသည်။
“သူ့ကို ငါ ॥ ချစ်ပါတယ်”
သူ ထပ်ပြောစရာ မလိုလောက်အောင်ပင် ကျွန်တော်ရော ॥ (Z) ပါ သိနေသည်ပဲ။
“သူက ငါ လိုချင်တဲ့ အိမ်ထောင်ဖက်မျိုး မဟုတ်ဘူး”
(Y) ၏ စကားအဆုံးတွင် (Z) ၏ နှုတ်ခမ်းများ မဆိုသလောက်လေး တွန့်ကွေးသွား၏။
(Z) ပြုံးလိုက်သည်လား ॥
(Y) ထပ်ပြောလာမည့် စကားများအတွင်းမှ တစ်ခါတည်းပင် (Z) ကိုပါ ကျွန်တော် မြင်ရနိုင်မည်ထင်သည်။
“ငါ့ရဲ့ အိမ်ထောင်ဖက်ဟာ အဓိကက ငါ့ကိုနားလည်နိုင်ရမယ်၊ အဲဒီ နားလည်မှုဆိုတဲ့အထဲမှာ နက်နဲမှုတွေပါတယ်။ သူက ငါ့ရဲ့စိတ်ကို ဖတ်နိုင်ရ မယ်၊ သူ ॥ ငါ့ကို သိရမယ် ....”
ထိုနေရာ၌ ခဏနားလိုက်ပြီးနောက် (Y) က ဟက် ॥ခနဲ တစ်ချက် ရယ်သည်။ ပြီးနောက် ချက်ချင်းပင် ပြန်တည်သွားခဲ့သည်။
“မိသားစု ဘ၀တစ်ခုကို ဖန်တီးထားပေမယ့် အထီးကျန်နေတဲ့ သူတွေ၊ ငါ တစ်ယောက်တည်း ॥ လို့ ခံစားနေရသူတွေ အများကြီးပါ။ အဲဒါဟာ သူတို့ကို မချစ်တဲ့ အိမ်ထောင်ဖက်မျိုးကို ရထားလို့လည်း မဟုတ်ဘူး ။ သူတို့ ပြောသမျှ လိုက်လျောနေပေမယ့်၊ သူတို့အတွက် ရှိနေပေမယ့်၊ သူတို့ကို မသိတဲ့ မိန်းမမျိုးကို ရထားလို့ပဲ .. ”
သည်တစ်ခါ စိတ်ထဲမှ ပြုံးလိုက်မိသူက ကျွန်တော်ပင်။
ကျွန်တော်မြင်နေရသည်က ॥ (Y) ..၊ (Y) ပြီးတော့ (Z) ..၊ (Z) ပြီးတော့ ..... ကျွန်တော် ။
“ငါ့ကို ဘယ်လိုပဲ ဝေဖန်၊ ဝေဖန် ငါ ၀န်ခံတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့ စိတ်ချင်းနီးနေမယ့် မိန်းမမျိုးကိုပဲ ငါလိုချင်တာ ॥ ”
(Y) က သူ့ကိုယ်သူ ဖွင့်ဟပြခြင်းအား ထိုနေရာ၌ပင် အဆုံးသတ် သည်။
သူ၏ ကောင်မလေးနှင့် ပတ်သက်၍တော့ နောက်ဆုံးစကား တစ်ခွန်း သာ ပြောသွားခဲ့သည်။
“မကြာခင်မှာ သူ့မိဘတွေရဲ့ အစီအမံနဲ့ သူ ॥ အေးအေးချမ်းချမ်း လျှောက်ရမယ့် လမ်းက ရှိနေပြီးသားပါ .. ”
လူတစ်ယောက်၏ ခံစားချက်အား မိမိသဘောအတိုင်း စီမံ၍ ရနိုင်ပါ သလား ॥
ကျွန်တော့်မှာ ပြောစရာစကား မရှိသောကြောင့် ထိုနေ့က (Y) အား စကားတစ်ခွန်းမှ မဆိုဖြစ်ခဲ့။
ကျွန်တော့်လိုပင် တလျှောက်လုံးငြိမ်နေသော (Z) က အပြန်လမ်း တွင်တော့ စကားတစ်ခွန်းကို ခပ်အေးအေးဆိုခဲ့သည်။
“ဆန္ဒအလျောက် ရှေ့ဆက်လျှောက်တာပဲဖြစ်ဖြစ်၊ ရပ်လိုက်တာ ပဲဖြစ် ဖြစ်၊ အစကတည်းက ॥ကို မလျှောက်ခဲ့တာပဲ ဖြစ်ဖြစ် .. ဘယ်လို ပဲဖြစ်နေ ပစေ ..၊ ယောကျာ်းတစ်ယောက်အတွက် အဓိက ..က ပြတ်သားဖို့ပါ .. ”
(Z) ၏ စကားသည် (Y) အတွက်လား၊ ဒါမှမဟုတ် ကျွန်တော့်ကို ပြောခြင်းလား၊ သူ့ဟာသူ ပြောခြင်းလည်း ဖြစ်နိုင်ပါသည် ။
ထို့အတူ ॥
အားလုံးအတွက်လည်း ဖြစ်နိုင်ပါသည် ။
.................................................................................................
(၅)
(၅)
ကျွန်တော်တို့ ၃ - ယောက် တွေ့ဖြစ်ပြီး တစ်ပတ်ပြည့်မြောက်သော နေ့ ॥၊
ထိုနေ့က (Y) ၏ ကောင်မလေးနှင့် ကျွန်တော်ဆုံခဲ့ရသည်။
“မလာနိုင်ဘဲနဲ့များ ဘာကြောင့် ကျွန်မကို မျှော်လင့်ချက်တွေ ပေးခဲ့ရ တာလဲ၊ ကျွန်မကို အရမ်းချစ်ပြခဲ့ရတာလဲ၊ ခဏပဲ ॥ရမယ်ဆိုရင် ဘာကိုမှ ကျွန်မ .. မလိုချင်ဘူး ၊ ကျွန်မ .. မကျေနပ်ဘူး ”
မကျေနပ်ဘူးဟု ဆိုရင်းက သူမ ငိုပါသည်။
ယောက်ျားတွေဟာ ဒီလိုပဲလား ॥ ဟုလည်း ဆိုသည်။
ယောက်ျားတွေဟူသော စကားနှင့်တော့ မဆိုင်လောက်ပါ။ လူ တစ်ဦး တစ်ယောက်ချင်းစီ၏ အယူအဆ (သို့မဟုတ်) စိတ်တစ်ခုနှင့်သာ ဆိုင်ပါလိမ့် မည်။
သို့သော်လည်း ကျွန်တော် မပြောဖြစ်ခဲ့။
သူမသည်လည်း သူမ၏ လွတ်လပ်ခွင့်နှင့် သူမ ॥ လွတ်လပ်စွာ ပေါက်ကွဲခွင့် ရှိပါသည်။
ထိုနေ့က (Y) ၏ ကောင်မလေးနှင့် လမ်းခွဲလာခဲ့ပြီးနောက် ပုဂ္ဂလိက ဆေရုံတစ်ခုသို့ ကျွန်တော်သွားဖြစ်ခဲ့သည်။ ဆေးရုံတက်နေရသော (Z) ၏ ကောင်မလေးအား သတင်းမေးရန်အတွက် ဖြစ်သည်။
(Z) ၏ ကောင်မလေး ကတော့ ကျွန်တော်နှင့် သူငယ်ချင်းများ ဖြစ် သည်။
သူမကို မြင်ရတော့ ကျွန်တော် အားယူ၍ ပြုံးချင်စိတ်ပင်မရှိ ॥၊
“သူ ॥ ငါ့ကို နားမလည်ဘူး ၊ ငါလိုချင်တာ .. သူမသွားသေးခင် အချိန်ခဏလေး လောက်တင်ပါ .. ငါ့အတွက် တစ်ကယ်ကို ခဏလေးပဲ ဖြစ်ရင် ရပါတယ် .. ”
သူမက ထိုမျှလောက်သာ ဆိုသည်။
ကျွန်တော်ကရော ॥
ဘာစကားများ ဆိုရမည်လဲ၊
ဘာစကားမှ ဆိုချင်စိတ်မရှိပါ။
သူမသည်လည်း နောက်ထပ်စကားများ ထပ်မဆိုတော့ ။
အခန်းသည် ပို၍ တိတ်ဆိတ်သွားခဲ့၏။
ဆေးရုံသည် ဆေးရုံတစ်ခုနှင့် ပို၍တူလာခဲ့သည်။
ဆေးရုံ၏ အနံ့အသက်တစ်ချို့နှင့် အတူ စိတ်တို့လည်း မွန်းကျပ် လာသလို ခံစားရ၏။
နောက်ဆုံးမှာတော့ သူမအား နှုတ်ဆက်၍ ကျွန်တော်ပြန်လာခဲ့သည်။
အပြင်ရောက်မှပင် လေကို တ၀ကြီး ရှုသွင်းဖြစ်သည်။
.....
ကျွန်တော့်အာရုံများ အတွင်း၌ မြင်နေမိသည်က ॥ (Y) နှင့် (Z)
ြ ပီးတော့ ॥
အယူအဆများ ॥
ထို့နောက် ॥
အမှန် နှင့် အမှား ॥
...... ............ ..........
........ အမှန် .......... ...... နှင့် ...
.........................
....... ........... အမှား ........။
.................................................. .......................................
.....................................................................
ကျွန်တော်တို့ အားလုံးမှာ ကိုယ့် အယူအဆနှင့် ကိုယ် .. လူပီသ ကြသူများပင် ဖြစ်သည် ....................... ။
A-သဉ်

One comment
Comment by ရင်မင်းသစ် on June 22, 2007 11:15 AM
လူတစ်ယောက်ချင်းစီရဲ့ အမြင်လေးတွေပေါ့...
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊
လွတ်လပ်စွာ ငြင်းဆန်ခွင့်၊
ကိုယ့်ယုံကြည်ချက်အပေါ်မှာ
ရဲရဲရင့်ရင့် သတ္တိရှိခြင်း၊
အများနဲ့မတူတဲ့ အမြင်၊
ပုံမှန်လမ်းဟောင်းမှ ခွဲထွက်ခြင်း...
အားလုံးခြုံကြည့်တော့ ကောင်းပါတယ်
A-သဉ် အနုပညာများဆက်လက်ဖန်တီးနိုင်ပါစေ...
Post a Comment